Arc.12.4
663 131 49
R မြို့ရှိ ခံတပ်မှာ ‌အထက်တန်းကျောင်းတစ်ခုကို အမှီပြုကာ ဆောက်လုပ်ထားရခြင်းဖြစ်သည် ။ ပျက်ကပ်ဖြစ်သည်က သိပ်မကြာသေးတာကြောင့် ခိုင်ခံ့သော ခံတပ်ပုံစံမှာ မပေါ်သေးပေ ။ ခြံစည်းရိုး၏ တဖက်တွင် အတွင်းသို့ ဝင်ရန်အမြဲ ကြိုးစားနေသည့် ဇွန်ဘီများကြောင့် စိတ်ချရသော လုံခြုံရေး မရှိသေးပေ ။ သို့ကြောင့် အဝင်အထွက်ကိစ္စတို့သည် အလွန်ခက်ခဲလှသည် ။ သူတို့ အပြင်ထွက်ချင်လျှင် အရင်ဦးဆုံး အထဲသို့ တိုးဝင်ချင်နေသည့် ဝင်ပေါက်ရှိ ဇွန်ဘီများစွာကို ရှင်းပစ်ဖို့ လိုအပ်သေးသည် ။
ကျောင်းတွင်ကန်တင်းရှိ ရိက္ခာများမှာ လုံလောက်နေသေးကာ ခံတပ်ထဲမှာရှိတဲ့ လူအများစုက အပြင်ထွက်ပြီး အသေခံဖို့ စိတ်မဝင်စားကြပေ ။ အဝင်ပေါက်မှ ဇွန်ဘီများအား အလွယ်တကူရှင်းပစ်ကာ မောင်းထွက်သွားသည့် ကားများကို ကြည့်ရသည်မှာ သူတို့အတွက် ထူးဆန်းပြီး ရူးမိုက်သည်ဟု ခံစားရသည်။ 
ထိုခံစားချက်များကြားထဲ မခံမရပ်နိုင်နဲ့ မုန်းတီးမှုကို ထုတ်လွတ်နေသူမှာ လက်ထဲရှိ အဖိုးတန်သော စမ်းသပ်ခံအား လုယူခံလိုက်ရသည့် ရန်လန်သာ ဖြစ်လေသည် ။
" ဟမ့်.. ဆေးကို ထိန်းချုပ်ဖို့ ဘာသုံးလိုက်လဲ မသိပေမဲ့ အာရုံကြောတုန့်ပြန်တဲ့ဆေးသက်ရောက်ရင် အဲ့ဇွန်ဘီ ပေါက်ကွဲသွားလိမ့်မယ် ။ သူတို့ရမှာက အသားအပိုင်းအစတွေဘဲ ဖြစ်လိမ့်မယ် . " ရန်လန် နှာခေါင်းရှုံကာ မကျေမနပ်ရေရွတ်လိုက်ပေမဲ့ တော်တော်လေး နှမြောတသဖြစ်နေဆဲ ။
ရန်လန်‌တွေးသည့် အကြောင်းအရာများကို ချင်းရှီရှို့၏ အဖွဲ့သားများလဲ သတိထားမိပေသည် ။ သူတို့က ထိုအကြောင်း သူတို့ ခေါင်းဆောင်ကို ပြောသည့်အချိန်တွင် ပြန်ရလိုက်သည့်အဖြေက အလွန်ပြတ်သားပေသည် ။
ချင်းရှီရှို့ : သူ မသေနိုင်ဘူး
အဖွဲ့ဝင်များ : "..."
ဟုတ်ပြီလေ .. လောင်တက မသေနိုင်ဘူးဆို မသေနိုင်ဘူးပေါ့ ..
ဇွန်ဘီထည့်ထားသည့် ကုန်တင်ကားမှာ တလမ်းလုံး ချိတ်ပိတ်ခြင်း ခံထားရပြီး မဖွင့်ရဲကြပေ ။ ‌လောင်တ ပြောသလို မ‌သေနိုင်ဘူးဆို ဖွင့်လိုက်တာနဲ့ သူတို့ တိုက်ခိုက်ခံရနိုင်သည် မဟုတ်ပါလား ။ သူတို့က တာဝန်ကြောင့် သွားလာနေရပေမဲ့ သေမှာ မကြောက်ဘူးလို့တော့ မဆိုလိုဘူးလေ ။