စစ်ယင်းဟွေ့ သည် သူ့ပုံရိပ်အား ပြင်ဆင်လျက် ရွမ်းရီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည် ။ သူသည် အပြစ်ပြောစရာမရှိလောက်အောင် လှပလွန်းတာမို့ လှုပ်ရှားမှုတိုင်းက လက်ရာမြောက်လေသည် ။
" ရှန်း .. မင်း ဘာပြောချင်တာလဲ နားမလည်ဘူး "
ရွမ်းရီသည် အလွန်စိတ်မကြည့်မလင်ဖြစ်နေဟန်ဖြင့် မျက်လုံးမှေးကျဉ်းကာကြည့်လိုက်ပြီး " မင်း ငါ့ကို မချစ်တော့တာတောင် ငါ့ချစ်သူလို့ ပြောနေတုန်း ။ ငါ မင်းကို ကျေးဇူးတင်သင့်လား ? "
[ Mr. ဒီလှည့်ကွက် အဆင်ပြေပါ့မလား ]
"" ဒါက ငါ့လှည့်ကွက်မဟုတ်ဘူးလေ .. သူတို့ ငါ့ကို လိမ်ထားတာကို အသုံးချရုံလေးပဲကို ""
စစ်ယင်းဟွေ့ ၏ မျက်နှာလှလှလေးက အလွန်အမင်း သည်းခံနေရဟန် တွန့်သွားခဲ့သည် ။ သူက သူ့ရှေ့က လူအား ဤအသုံးမဝင်သော လှည့်စားမှုများကို မသုံးတော့ပဲ နှိပ်စက်ပြီးသာ အဖြေကို ရယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည် ။
" ငါ ..."
တီ!!!!!
ရုတ်တရက် အချက်ပေးသံကြောင့် စစ်ယင်းဟွေ့  မျက်မှောင်ကြုတ်လိုက်သည် ။ ဤအခန်းသည် အဆင့်မြင့် ဆက်သွယ်မှု မဟုတ်ရင် မဝင်နိုင်အောင် သတ္တုတမျိုးဖြင့် တားဆီးထားသည်ဖြစ်ရာ ဤအသိပေးချက်ဝင်လာခြင်းက ထူးဆန်းသဖြင့် သူက အချက်ပြနာရီအား ကြည့်လိုက်သည်။
" ဒါက .. "
စစ်ယင်းဟွေ့  သူ့ရှေ့က လူအား ထူးဆန်းစွာ မော့ကြည့်လိုက်သည်။ " မင်း .. အင်ပါယာနန်းတော်ရဲ့ ပစ္စည်းတွေကို တကယ်ထုတ်ယူနိုင်တယ် "
သူ့ အသိပေးချက်ဆီမှာ ရောက်နေတာက တန်ဖိုးကြီးရှားပါးသော အရာတချို့အား ထုတ်ယူထားခြင်းအတွက် အသိပေးချက်ပင် ။ ထုတ်ယူသူမှာ သေချာပေါက်သူ့ရှေ့ က လူဖြစ်နေပါ၏ ။
ရွမ်းရီ သည် ခါးသီးစွာ ပြုံးလိုက်ပြီး " ငါက မှတ်ဉာဏ်နည်းနည်းပြန်ရတဲ့အကြောင်း မင်းကို ဝမ်းသာအားရ ပြောပြချင်ရုံပါ။ ငါက မင်းပိုင်တဲ့ နေရာကို လာခွင့် မရှိတဲ့သူ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး ။ အခုတော့ အသုံးမဝင်တော့ဘူးလေ "
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "