Arc.12.25
379 88 19
ကျန်းယန်ကျိုး သည် သူ့မှတ်ဉာဏ်ထဲမှ လူနဲ့ လုံးဝကွဲထွက်နေသည့် ချိုးရှင်းဟယ်ကြောင့် ဒေါသအား ခေတ္တဖိနှိပ်ထားလိုက်ပြီး ချင်းရှီရှို့အား လှည့်ကာ ပြောလာသည် ။
" ခေါင်းဆောင်ချင်း .. ဒီလူက ခံတပ်ကနေ အပြစ်ကျုးလွန်သူအဖြစ် ဝရမ်းထုတ်ထားခံရတဲ့သူပါ ။ လွဲပြောင်းပေးဖို့ မျှော်လင့်ပါတယ် "
ချိုးရှင်းဟယ် သူ့အား အမေးသဘောဖြင့် လှည့်ကြည့်လာသည့် ချင်းရှီရှို့အား အပြစ်ကင်းစင်သည့်အကြည့်လေးဖြင့် ပြန်ကြည့်ပေးလိုက်သည် ။ ' ကိုယ်က ရိုးသားပါတယ်နော် '
" လူကြီးမင်းချောင် .. ဒါက ဘာသဘောလဲ ? " ချင်းရှီရှို့ လူကြီးမင်းချောင်ထံသို့သာ ဦးတည်လိုက်သည် ။ " ကျွန်တော်တို့က ခံတပ်ရဲ့ လုံခြုံရေးကို ယုံကြည်လို့ ဒီနေရာကို ရောက်လာတာပါ ။ ပြီးတော့ ကျွန်တော့်အဖွဲ့က လူတိုင်း သူတို့အသက်ကို ပေးဆပ်ထားပြီး လူသားမျိုးနွယ်အတွက် တာဝန်ကျေပွန်အောင်လုပ်နေကြတာ ဒီလိုမျိုး ဆက်ဆံခံရဖို့က သူတို့အတွက် မထိုက်တန်ပါဘူး ။ အရင်ဆုံး အဲ့ဒီဘက်က တိုက်ခိုက်မှုအတွက် နားလည်မှုလွဲတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်တော်ခွင့်လွတ်ပေးလို့ရတယ် ။ ဒါပေမဲ့ ကျွန်တော့်အဖွဲ့က လူတစ်ယောက်ကို အပြစ်ပေးချင်ရင်တော့ .. အားနာပါတယ် ခဗျားတို့မှာ အဲ့လိုလုပ်ဖို့ အခွင့်မရှိဘူး "
ကျန်းယန်ကျိုး၏ မျက်မှောင်တို့မှ လှပစွာ တွန့်ချိုးသွားခဲ့သည် ။ " ချိုးရှင်းဟယ်က အဖွဲ့တစ်ခုလုံးကို ကိုယ်ကျိုးအတွက် စတေးသွားခဲ့တာ .. ခေါင်းဆောင်ချင်း မင်း ဒီလိုလူမျိုးကို ကာကွယ်ပေးချင်တာ သေချာရဲ့လား "
သူသည် စကားထဲတွင် ဓားတစ်ချောင်းဝှက်ထားသကဲ့သို့ပင် ဤစကားကြောင့် ချိုးရှင်းဟယ် ကျုးလွန်သည့်အပြစ်အား ဖော်ပြနိုင်ခဲ့သလို အဖွဲ့ထဲရှိ ယုံကြည်မှုအား တိုက်ခိုက်နိုင်ခဲ့သည် ။ ပျက်ကပ်သည် အသက်အန္တရယ်များနေပြီးသားဖြစ်ကာ အဖွဲ့တွင်း ဤသို့သစ္စာဖောက်မျိုးရှိတာ မည်သူမျှ လက်ခံနိုင်မည်မဟုတ်ပေ ။ သူက ချင်းရှီရှို့အား ချိုးရှင်းဟယ်ကို ကာကွယ်ခဲ့ပါက အခြားကျန်အဖွဲ့သားများနဲ့ ပဋိပက္ခဖြစ်စေရန် တွန်းအားပေးနေသည်နှင့်တူသည် ။