Arc.13.9
333 72 4
အယ်လ်သည် သုတေသနခန်းတွင် ရှိနေခြင်းကြောင့် ပစ္စည်းကိရိယာအတွက် စိတ်ပူစရာမလိုပါချေ ။ သူက များမကြာမီ ပြင်ဆင်ထားသော ကိရိယာလေးအား မသိမသာ ဝှက်ယူလိုက်သည် ။ ပြီးနောက် သူသည် မတော်တဆပုံစံဖြင့် စမ်းသပ်ဖန်ဘူးများအပေါ်သို့ ပစ်လဲချလိုက်တော့သည် ။
" No. 321 က ထပ်ပြီး မေ့လဲပြန်ပြီ ။ သူ့ ခေါင်းထဲက ချပ်ပြားကို လဲဖို့ ပို့လိုက်တော့ "
ရွမ်းရီ Tower အား စစ်ဆေးပြီးနောက် သုတေသနပညာရှင်‌နှင့်အတူ သုတေသနခန်းသို့ ရောက်လာချိန် ကြမ်းပြင်တွင် လဲနေသည့် လူကို သယ်ရန်ပြင်နေသည့် စက်ရုပ်များကိုတွေ့ လိုက်ရသည် ။
" သူ ဘာဖြစ်တာလဲ "
အသံကို ကြားလိုက်ရချိန် မေ့ချင်ယောင်ဆောင်နေသော အယ်လ်သည် ချက်ချင်းထထိုင်မိတော့မလို ဖြစ်သွားသည်။ 
' တော်သေးတယ် .. ငါ တာဝန်ကို မြန်မြန်ပြီးအောင်လုပ်ထားလို့ ။ ပါမောက္ခ ကိုယ်တိုင်လာယူမယ်လို့ မထင်ထားဘူး ။ '
အယ်လ် က မျက်လုံးကို ဖွင့်တယ်ဆိုရုံလေး ဖွင့်ကြည့်လိုက်ပြီးနောက် ပါမောက္ခ၏နောက်တွင် အစောင့်များရှိနေသည်ကို တွေ့ ရလေသည် ။ ' ပါမောက္ခလည်း စောင့်ကြည့်ခံနေရတာပဲ .. အဲ့ဒါကြောင့် ငါကို ဒီတာဝန်ပေးတာကို '
" ဒီလူရဲ့ ကျန်းမာရေးက မကောင်းလို့ပါ ။ ပြင်ဆင်ရေးကို ပို့ လိုက်ရင် အဆင်ပြေသွားမှာပါ "
ရွမ်းရီ သည် Tower အောက်မှ ပြန်လာကတည်းက စက်ရုပ်များ၏ စကားကို မယုံရဟု သတိထားနေခဲ့ပြီဖြစ်ကာ နားထောင်နေပေမဲ့ သူက မေ့လဲနေသူကိုသာ အာရုံစိုက်နေခဲ့သည်။
အား!!!!
ရုတ်တရက်ပင် မေ့လဲနေသူမှာ ထအော်လာခဲ့လေသည် ။
" အို... ငါ့ခေါင်း ! ‌ငါ့ခေါင်း နာလိုက်တာ " အယ်လ် သည် သူ့ခေါင်းအား ဖိလျက် စက်ရုပ်များ သူ့ကို မချုပ်ထားနိုင်စဉ်ပင်  ‌ကြမ်းပြင်ပေါ်လူးလိမ့်ကာ ပါမောက္ခ အနီးထိ လိမ့်သွားလေသည် ။
ရွမ်းရီသည် နားမလည်စွာဖြင့် သူ့ခြေထောက်အောက်နားက လူအား ကြည့်လိုက်၏ ။ တဖက်လူက သူ့အဝတ်များအား ကုတ်ဆွဲလာချိန် စက်ရုပ်များက ထိုလူအား ဆွဲခွာရန် ရှေ့တက်လာခဲ့လေသည် ။