Arc.10.6
1.3K 209 9
ပိုင်လင် ဆေးရုံဆင်းသည့်အချိန်တွင် အံ့ဩစရာကောင်းစွာ ကုကျင်းဟန်သည် ရောက်ချလာခဲ့သည် ။ အကြောင်းအရင်းမှာ ကုအဘိုးက လာခေါ်ခိုင်း၍ ဖြစ်သည်။ 
ကုကျင်းဟန်သည် ခေါ်ခိုင်းသည့် ကိစ္စ အား သူ့ကို ပြောဖို့ စိတ်ဝင်စားပုံမပေါ်ပေ ။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ကို အတိတ်ကို လွှတ်ချဖို့ ပြောခဲ့သူ မဟုတ်သည့်မတိုင်းပင် ။ အေးစက်တည်ငြိမ်ကာ တိတ်ဆိတ်နေ၏ ။ ထို့ကြောင့် သူသည် ကုအဘိုးအားမသိ ၊ အကြောင်းအရင်းအား မသိ ၊  ဇာတ်ကြောင်းကလည်း မမှန် ၊ မှတ်ဉာဏ်က ယူ၍မရနှင့်ပင်ဘုမသိဘာမသြိဖင့်သာ လိုက်လာရသည် ။
သူက မေးဖို့ရာလည်း စိတ်ရှုပ်မခံပေ ။ မည်သို့ပင် ဆိုစေကာမှု သူက ပိုင်မိသားစုရဲ့ တစ်ဦးတည်းသော ကျန်ရစ်မိသားစု ဖြစ်နေဆဲ ။ ကုကျင်းဟန် သူ့ကို သတ်ဖို့ မတတ်နိုင်ချေ ။
သူ့စုံစမ်းမှုအရ ကုကျင်းဟန်သည် သူ့ရဲ့ အရည်အချင်းများကို စတင်ထုတ်ဖော်နေဆဲဖြစ်ပြီး ကုမိသားစု၏ လက်ရှိစီးပွားရေးလုပ်ငန်းများသည် ပိုင်လင်၏ အမွေခံပစ္စည်းများနှင့် အသက်ဆက်ထားရဆဲဖြစ်ကာ ကုကျင်းဟန်သည် ပိုင်လင်အား တစ်နည်းနည်းဖြင့် မလွန်ဆန်နိုင်ချေ ။
ကုကျင်းဟန်သည် သူ့အား ဆေးရုံသို့ ပို့ပေးခဲ့စဉ်က သူသည် ကုမိသားစုနှင့် ဆိုင်သည့် မှတ်ဉာဏ်တချို့ကို ရရှိလိုက်သည်။
လူကြီးများ၏ ကတိစကား ဒါမှမဟုတ် တစ်ယောက်တည်းဖြစ်နေသော လူငယ်အား သနားခြင်း စသည့်စသည့်အကြောင်းပြချက်များစွာဟာ အလှဆင်ထားခြင်းသက်သက်သာ ။ ကုမိသားစု၏ အဓိကရည်ရွယ်ချက်မှာ လွဲစရာမရှိ ပိုင်လင်ရဲ့ အမွေများသာ ။ မဟုတ်လျှင် အဘယ့်ကြောင့် ကုမိသားစုရဲ့ အဖိုးတန်သား အား ပိုင်လင်ကဲ့သို့ လူတစ်ယောက်လက်ထဲကို ပေးအပ်မည် မဟုတ်ပေ ။
ပိုင်လင်သည် တုံးအသည်လား ၊ အကြောင်းအရင်းရှိ၍လား မသိချေ ။ သူသည် ကုကျင်းဟန်အား စေ့စပ်ပွဲဖျက်ပေးမည့် ကိစ္စမှလွဲ၍ အရာအားလုံး ဘာဖြစ်နေနေဂရုမစိုက်သည့်ပုံပေါက်နေသည် ။ သူ့ပိုင်ဆိုင်မှုများအား တစ်စက်ကလေးမှ အလေးထားခြင်းမရှိချေ ။