Arc.10.7
1.2K 198 6
" တော်တော်လေး ပျာယာခတ်သွားတာဘဲ " ပိုင်လင်သည် လေသံအား အသာဖိကာ ပြောလိုက်သည် ။ သူ့လေသံသည် ဥပက္ခာအပြည့်ဖြင့် ဖြစ်သော်ငြား မျက်ဝန်းများက လှောင်ပြောင် သရော်နေသည့်ဟန် မှေးမှေးလေး ကျဉ်းထားသည် ။
System မှ အချက်ပေးသံမထွက်လာပေ ။ သူ့ ခန့်မှန်းမှု မှန်သည် ။ ပိုင်လင်သည် ဇာတ်ကြောင်းတွင် အမှန်တကယ် ဘယ်သူ့ကိုမှ အလေးမထားသလို ခံစားချက်များကို ဖော်ပြရန်မှာ ဝေးကွာလွန်းသည် ။
တစ်ယောက်ယောက်က သူ့ရှေ့မှာ သေသွားရန်တောင် သူ့လုပ်စရာရှိတာသာ ဆက်လုပ်နေမည့်သူမျိုးပင် ။ ထို အကြင်နာမဲ့ ရက်စက်သည့်စရိုက်ကြောင့် ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်ခြင်းက မထူးဆန်းချေ ။
သူသည် ဒီကိုရောက်ကတည်းက မူလကိုယ်ရဲ့ အကျင့်စရိုက်ကို စူးစမ်းနေခဲ့တာဖြစ်သည် ။ သူက ဇာတ်ကောင်အတိုင်း သရုပ်ဆောင်ရမယ်ဆိုမှတော့ ပိုပြီး အသေးစိတ်ရလိမ့်မည် ။
ရလဒ်က ခုနကတင် မြင်သာသွားသည် ။ ပိုင်လင်သည် ကုကျင်းဟန်ရှေ့တွင် ခံစားချက်တချို့ ဖော်ပြလေ့ရှိသည် ။ ထိုခံစားချက်များက မနှစ်မြို့ခြင်း ၊ စိတ်ပျက်ခြင်း ၊ လှောင်ပြောင်သရော်ခြင်း ၊ တို့သာ ဖြစ်ပေမဲ့ပေါ့ ။
ကုကျင်းဟန်သည် ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း ပိုင်လင်၏ အမှုအရာကို မြင်လိုက်ပြီး လစ်လျုရှုရန်သာ ရွေးချယ်လိုက်သည် ။ ဒီ‌ကောင်က သူ့ကို တမင်ရန်စနေပြီး တည်ငြိမ်မှုပျက်ပြားစေချင်နေတာ ။
ပိုင်လင်သာ လုပ်နိုင်မယ်ဆိုရင် သူ့အား မျှော်လင့်ချက်ကင်းမဲ့ပြီး ၊ တစ်ဘဝလုံး အထီးကျန်ဆန်ဆန်နဲ့ စိတ်ဆင်းရဲ နေအောင် လုပ်လိမ့်မယ် ဆိုတာ စိတ်ထဲ သိနှင့်နေပြီးသားပင် ။
ကုအိမ်တော်တွင်
ပိုင်လင်သည် ကုမိသားစုပတ်ဝန်းကျင်တစ်ခုလုံးမှာ ရောဂါကပ်ဆိုးတွေ ပြည့်နေသလိုမျိုး ကုမိသားစုဝင်တွေရဲ့ အဝေးမှာ နေနေသည် ။
နှစ်ေ‌လးဆယ်ပြည့်အခမ်းအနားအတွက် ပြင်‌ဆင်နေသည့်အတွက် ဧည့်ခန်းမ၌ လူများနှင့် အလွန်ရှုပ်ယှက်ခတ်နေ၏။
ပိုင်လင်သည် ဒုတိယထပ် ဝရံတာတွင် နောက်မှီခုံတစ်ခုဖြင့် ထိုင်နေလျက် မျက်လုံးများကို အနားယူသည့်နှယ် အသာမှိတ်ထားသည် ။