Arc.10.13
1.2K 222 11
ပိုင်လင်သည် သူ့ရင်ခွင်ထဲက ပိန်ပါးလှသော ကိုယ်လေးအား ပွေ့ ဖက်ထားရင်း နာကျင်မှုက သူ့နှလုံးသားအား ဆက်တိုက်ထိုးနှက်နေသည် ။ ဒီကျိုးပဲ့လွယ်တဲ့ ခန္ဓာကိုယ်ဖြစ်သွားလောက်တဲ့အထိ ခံစားခဲ့ရတဲ့ ဒုက္ခတွေက ဘယ်လောက်တောင် နာကျင်နေရမလဲ ။
" ကိုယ် မင်းကို အစောကြီးရှာတွေ့ ခဲ့သင့်တာ .. ကိုယ်အချိန်မဆွဲခဲ့သင့်ဘူး .. ကိုယ်မကောင်းခဲ့တာ .. ကိုယ့်အမှားတွေကြောင့်.."
" မင်းအခုလို ခံစားနေရတာ ကိုယ့်ကြောင့် .. ကိုယ်သာ စောစောရောက်လာခဲ့ရင် .. "
ကိုယ့်ကိုယ်ကို အဆက်မပြတ်အပြစ်တင်နေသည့် အသံများကြားမှ ထွက်လာသည့် " ရှန် " ဟူသည့် အမည်နမက ပိုင်လင်အား တိတ်သွားစေခဲ့သည် ။ ခုဏက သူသည် အနည်းငယ် သတိလွတ်သွားခဲ့ကာ သူချစ်သူက မှတ်ဉာဏ်မရှိဘူးဆိုတာ မေ့သွားခဲ့သည် ။
သို့သော် ဤ အမည်က သူ့ချစ်သူသည် မှတ်ဉာဏ်များ ပြန်ရနေပြန်ပြီဖြစ်ကြောင်း ဖော်ပြနေသည် ။ ပိုင်လင်သည် ဖက်ထားရာမှ အသာလေးခွာလိုက်လေသည် ။
သူ့အား ဖွဖွလေးပြုံးလျက် ခေါင်းလေးခါပြလာသည့် ရှီးယွမ်က အလွန် အားနည်းနေပုံပေါက်နေသည်။ ဖျော့တော့သည့် အသံနှင့် ပြောလာသည့် စကားက သူ့အား ‌စကားဆက်မပြောနိုင်လောက်အောင် ရင်နှင့်သွားစေသည် ။
" မ..ဟုတ်ဘူး .. မင်း .. အမှား မဟုတ်ဘူး "
ပိုင်လင် ရှီးယွမ်၏ ပါးပြင်လေးအား အသာအုပ်ကိုင်လိုက်ပြီး  " အရမ်း နာနေလား "
ရှီးယွမ်၏ အရိုးပေါ် အရေတင်နေသည့် ‌လက်လေးက ပိုင်လင်၏ လက်အပေါ်သို့ ထပ်လိုက်ပြီး အားတင်းကာ ပြောလာသည် ။ " တန်တယ် "
ရှီးယွမ်သည် စကားတစ်ခွန်းပြောဖို့ကို အလွန်အားစိုက်ရကြောင်း သတိထားမိပြီးနောက် နှစ်ယောက်သား လေထုကအလွန်တိတ်ဆိတ်သွားခဲ့သည် ။
ကုကျင်းဟန် ပိုင်လင်အား ရှာတွေ့ သည့်အချိန်တွင် မြက်ခင်းပေါ်တွင် ထိုင်လျက် တစ်ယောက်လက်အား နူးညံ့စွာ ဆုပ်ကိုင်ထားသည့် ပိုင်လင်ကိုပင် ။ ထိုလက်များသည်  ရှုံ့တွကာ အရိုးများသိသာစွာ မြင်နေရပြီး ပိုင်လင်၏ ရှည်သွယ်သည့် လက်ချောင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း တစ်ချက်တစ်ချက် နမ်းရှိုက်နေသည့် ပိုင်လင်သည် အလွန်မြတ်နိုးနေပုံရသည် ။