EP - 1

6.2K 291 18
                                    


Unicode

နံနက်၄နာရီဆိုသောအချိန်ကလောကကြီးတစ်ခုလုံးအလင်းရောင်ကင်းမဲ့နေစေတုန်းပင်။ အလင်းရောင်မရသေးတဲ့ထိုအချိန်မှစ၍လှုပ်ရှားသွားလာကာအလုပ်လုပ်ကိုင်နေကြရသူတွေလည်းရှိသလို ၊ အိပ်ရာထဲမှာအေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့သူတွေလည်းရှိပါလိမ့်မည်။ လူတစ်ယောက်နှင့်တစ်ယောက်ရှင်သန်နေထိုင်ရမှုသည်လည်းမတူကြဘူးပဲမဟုတ်လား။

"သဝဏ်ရေ!...ဒီတောင်းတွေတင်ပြီးရင်သွားကြမယ်လေကွာ......မင်းလည်းလိုက်မယ်မဟုတ်လား......"

ဟင်းသီးဟင်းရွက်တောင်းတွေကားပေါ်တင်ပေးနေတဲ့သူ့ကိုလှမ်းအော်ပြောလာသည့်ကိုမင်းကျော်ကြောင့်သဝဏ်ပြုံးကာခေါင်းညိတ်ပြလိုက်မိသည်။
ဒီကားနဲ့မှမလိုက်ရင်အိမ်ပြန်ဖို့နောက်ကျတော့မှာအသေအချာပဲ...တော်ကြာအစ်ကို့အတွက်မနက်စာမမှီရင်ပြဿနာ......။

လက်ကနာရီကိုကြည့်မိတော့ 4 : 15ပင်ရှိပြီဖြစ်တာကြောင့်အလုပ်ကိုခပ်မြန်မြန်လက်စသတ်ကာ ကားပေါ်အမြန်ပြေးတက်ရတယ်။
နောက်ကျလို့မမှီလိုက်ရင်သက်သက်မဲ့ပိုက်ဆံအပိုကုန်အုံးမှာ။

"မင်းကိုကြည့်ရတာမောလိုက်တာကွာ......ယောက်ျားနဲ့သားကိုအဲ့ဒီ့လောက်ချစ်ရလားဟေ့ကောင်ရ......"

ကားစက်နှိုးရင်းစသလိုနောက်သလိုပြောလာတဲ့ကိုမင်းကျော်ကြောင့်သဝဏ်သဘောတကျပြုံးမိသည်။

ဟုတ်တယ်......ချစ်တယ်။ ကျွန်တော်အစ်ကို့ကိုသိပ်ချစ်တာ။ အစ်ကိုနဲ့လက်ထပ်ရင်သားအဖြစ်ကအမွေပြတ်စွန့်လွှတ်မယ်ဆိုတဲ့မိဘတွေရဲ့ခြိမ်းခြောက်စကားကိုတောင်နားမဝင်နိုင်တော့တဲ့အထိကျွန်တော်ကအစ်ကို့ကိုချစ်တာ။ ပြောရရင် ဘာတွေပဲဖြစ်နေနေကျွန်တော်ကအစ်ကို့ကိုအရမ်းချစ်တာဗျ။

လွန်ခဲ့သောသုံးနှစ်ခန့်.........

**************************************************

"မင်းရူးနေလားမြတ်သဝဏ်! ဟမ်!......"

ဒေါသသံခပ်ကျယ်ကျယ်နဲ့အတူအောင့်သက်သွားတဲ့ကျောရိုးကဖေဖေတွန်းလိုက်တဲ့အားကြောင့်အနောက်ကခုံစောင်းနဲ့ဆောင့်မိသွားပုံပင်။
ဘာပဲဖြစ်ဖြစ်ကိုယ့်အမှားပေပဲမို့ဖေဖေ့ကိုလည်းအပြစ်မတင်ရက်။ နာကျင်မှုကိုကြိတ်ခံရင်းဖေဖေ့မျက်နှာကိုမော့ကြည့်မိတော့မေးရိုးတွေထင်းထွက်နေတဲ့ဖေဖေကတကယ့်ကိုဒေါသထွက်နေဟန်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now