EP- 10

2.1K 195 42
                                    


Unicode


သဝဏ်နိုးလာတော့တစ်အိမ်လုံးကတိတ်ဆိတ်ကာအပ်ကျသံပင်မကြားရတော့။ မှတ်မိသလောက်ဆိုရင်အစ်ကို့ကိုဖက်ထားပြီးငိုနေမိရင်းလူကခဏလေးအိပ်ပျော်သွားရုံလေးပါပဲဒါပေမယ့်ဘာဖြစ်လို့အများကြီးပြောင်းလဲသွားသလိုမျိုးခံစားမိနေရတာပါလိမ့်။

အချိန်ကိုကြည့်လိုက်တော့လည်းဘယ်လောက်မှမရှိသေးတာကြောင့်တိတ်ဆိတ်မှုတွေကြားစိုးရိမ်စိတ်ကထောင်းခနဲ။ တကယ်ဆိုရင်ဒီအချိန်ကဒီလိုမျိုးတိတ်ဆိတ်နေရမှာမှမဟုတ်ဘဲလေ။  သားရဲ့စကားသံတီတီတာတာလေးတွေရယ် ၊ အစ်ကို့အသံချိုချိုလေးတွေရယ်နဲ့အိမ်မှာဆူညံနေရမယ့်အချိန်မဟုတ်လား။
အခုကဘယ်လိုဖြစ်ပြီး……။

ကျွန်တော့်အခြေအနေအရအော်ခေါ်ဖို့ကလည်းမဖြစ်နိုင်တဲ့လူတစ်ယောက်မို့အတွေးတွေကိုရပ်ကာအစ်ကိုနဲ့သားကိုတစ်အိမ်လုံးနှံ့အောင်လိုက်ရှာမိပေမယ့်လို့ဘယ်သူမှမတွေ့မိတာကြောင့်အယောင်ယောင်အမှားမှားနှင့်အဝတ်ဗီရိုဆီဦးတည်မိသည်။
တုန်ယင်နေတဲ့လက်တွေနဲ့ဗီရိုတံခါးကိုဆွဲဖွင့်မိတော့ အစီအရီရှိနေသေးတဲ့ပစ္စည်းတွေကိုမြင်ရတော့မှလူကဟူးခနဲသက်ပြင်းချနိုင်တော့တဲ့အဖြစ်။
တော်သေးတာပေါ့……အစ်ကိုထွက်သွားပြီထင်နေတာ။

' ဘုတ် ' 

ရုတ်တရက်ခြေထောက်အနားကိုပြုတ်ကျလာတဲ့leatherအဖုံးနဲ့note bookလေးတစ်ခု။ သေသပ်နေတဲ့ဒီဇိုင်းနဲ့စာအုပ်အဖုံးပေါ်ကလက်မှတ်အရတော့သေချာပေါက်အစ်ကို့စာအုပ်ပဲဖြစ်လိမ့်မည်ထင်။
ပြုတ်ကျသွားတဲ့စာအုပ်ကိုယူပြီးပြန်ထားဖို့ကောက်ယူလိုက်မိတော့ တစ်ဆက်တည်းတွေ့လိုက်ရတဲ့ဓါတ်ပုံတစ်ပုံ။
ဓါတ်ပုံထဲမှာသွားစွယ်လေးတွေပေါ်သည်အထိပြုံးရယ်နေတဲ့အစ်ကိုရယ်။ ပြီးတော့အစ်ကို့ဘေးမှာရပ်နေတဲ့သူက ကျွန်တော်နဲ့တစ်ပုံစံတည်းတူတဲ့သူ။ မျက်နှာရောခန္ဓာကိုယ်အချိုးအစားပါခွဲမရအောင်တူနေပေမယ့် ဓါတ်ပုံထဲကလူကသေချာပေါက်ကျွန်တော်မဟုတ်တာတော့ကျိန်းသေသည်။
အစ်ကိုကကျွန်တော်နဲ့ဒီလိုဓါတ်ပုံအတူရိုက်ဖို့မပြောနဲ့…လမ်းတောင်အတူတွဲလျှောက်ချင်တာမှမဟုတ်တာ……။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now