EP - 15

2.1K 202 28
                                    

Unicode


"ဒါလေးတောင်အသုံးမကျဘူးလား……ဒါနဲ့များခင်ဗျားကcompanyဥက္ကဌရဲ့အတွင်းရေးမှူးလုပ်နေသေးတယ်ပေါ့လေ……"

projectအသစ်အတွက်လုပ်ထားတဲ့ဖိုင်ကိုစားပွဲပေါ်ပြန်ပစ်ချရင်းပြောလာတာကြောင့်မှိုင်းညှို့ကြောင်အအနှင့်ရပ်ကြည့်နေမိသည်။
တကယ်ပဲဒီရဏသဝဏ်ကဘာဖြစ်ချင်နေမှန်းကိုမသိတာ။ ဟိုလိုဆိုလည်းဟိုလိုမို့လို့ ဒီလိုဆိုလည်းဒီလိုမို့လို့နဲ့…မှိုင်းညှို့ကိုတမင်သက်သက်ပြဿနာရှာနေသလိုပဲ။

"ဒီprojectကိုကျွန်တော်အသေးစိတ်ကအစသေချာလုပ်ထားတာပါ……ပြီးတော့………"

"တော်စမ်းပါ!……ခင်ဗျားကသာသေချာလုပ်ထားတယ်ပြောနေတာ ဟာကွက်တွေကမနည်းမနောဘဲ…ဘာလဲ ကိုယ်အသုံးမကျတာကိုဝန်မခံချင်တာလား……"

စကားတောင်ဆုံးအောင်ပြောခွင့်မပေးတဲ့အပြင် အလကားနေရင်းခဏခဏအသုံးမကျဘူးပဲအပြောခံနေရတာကြောင့်မှိုင်စညှို့ဒေါသထွက်လာမိတယ်။ အဆင်မပြေရင်လည်းသေချာရှင်းပြပေါ့……ဒီလိုမျိုးအပြစ်ပဲပြောနေလို့တော့ဘယ်ဖြစ်ပါ့မလဲ……။

"ဒီမှာကိုရဏသဝဏ်……ခင်ဗျားသဘောမကျတာရှိရင်လည်းထောက်ပြပါ ကျွန်တော်လက်ခံပါတယ်…ဒါပေမယ့် ဒီလိုပဲအလကားနေရင်းလူကိုအသုံးမကျဘူးဆိုပြီးခဏခဏပြောနေတာကတော့မဟုတ်သေးဘူးလေ……"

မျက်မှောင်ကျုတ်ကာလက်သီးတင်းတင်းဆုပ်ပြီးပြန်ပြောလာတဲ့ဦးမှိုင်းညှို့ရွှေဘုံရဲ့ပုံစံကဒေါသကိုအတော်လေးထိန်းချုပ်ထားရပုံ။ တစ်ချက်တစ်ချက်လေပူတွေမှုတ်ထုတ်နေတာကိုကြည့်ခြင်းအားဖြင့်လည်းသူသုံးလိုက်တဲ့စကားလုံးအပေါ်တော်တော်လေးသဘောမကျဖြစ်နေမှန်းသိသာနေလေသည်။
အဟား!……ဘာဖြစ်တာလဲဦးမှိုင်းညှို့ရွှေဘုံရယ်…ကျုပ်ကိုပြောခဲ့တုန်းကတော့ဘာမှမဖြစ်သလိုပဲမဟုတ်လား။
အခုခင်ဗျားကိုပြောတော့တော်တော်လေးနာနေတယ်ပေါ့လေ……ခင်ဗျားရဲ့စောက်သုံးမကျတဲ့နိယာမကြီးကတရားလည်းတရားပါပေတယ်။

"အစကတည်းကကောင်းအောင်လုပ်ရမှာပေါ့……အခုမှဘာတွေလာအထွန့်တက်နေတာလဲ!!……"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now