EP - 41

1.5K 156 19
                                    

Unicode


"ထူးထက်စေအကြောင်းဘယ်လောက်သိလဲ......"


"ဟင်......"


ခွဲစိတ်ခန်းရှေ့တွင်ထိုင်စောင့်နေကြစဉ်တစ်ဖက်လူမှစကားစလာသောကြောင့်လင်းလက်ယောင်နနနှင့်သာအာမေဋိတ်အသံပြုမိသည်။ ကိုယ့်အပူနဲ့ကိုယ်မို့မကြားလိုက်မိတာဆိုပေမယ့်တစ်ဖက်လူကတော့စိတ်မရှည်ဟန်နှင့်မျက်ခုံးနှစ်ဖက်ကိုထိစပ်လုမတတ်တွန့်ချိုးသွားလေ၏။


"ထူးထက်စေအကြောင်းခင်ဗျားဘယ်လောက်အထိသိထားလဲလို့......"


"ဟင့်အင်း......"


ခေါင်းအသာခါပြရင်းပြန်ဖြေမိတော့တစ်ဖက်သူဆီကမဲ့ပြုံးတစ်ချက်ကလှစ်ခနဲပေါ်ထွက်လာတာကြောင့်လင်းလက်ခေါင်းကိုသာငုံ့ချထားမိသည်။ တကယ်လည်းထူးထက်စေနဲ့ပက်သက်ပြီးသူဘာဆိုဘာမှမသိခဲ့ဘူး......။


"ခင်ဗျားကိုချစ်တာရောသိလား......"


"ခဏခဏပြောနေတာမို့ သိပြီးသားပါ......"


"ကောင်းပြီလေ...ခင်ဗျားထူးထက်စေကိုတကယ်ပဲစိတ်မဝင်စားဘူးလား......"


ဒီတစ်ခါမှာတော့တစ်ဖက်ကအမေး‌ကိုဘာဆိုဘာမျှမတုံ့ပြန်နိုင်ဘဲငြိမ်ငြိမ်လေးသာနေနေမိသည်။ ထိုမေးခွန်းကသူကိုယ်တိုင်လည်းအဖြေမရှိသလို ၊ အဖြေမသိသည့်မေးခွန်းပင်။ ထူးထက်စေဆိုတဲ့ကပ်ပါးကောင်လေးကိုတွယ်ကပ်လွန်းလို့စိတ်ရှုပ်မိတာတော့မှန်ပေမယ့် ဒီကောင်လေးအပေါ်ပစ်ပစ်ခါခါမလုပ်ရက်ခဲ့မိတာလည်းသူပါပဲ။


"ဟား...စိတ်မဝင်စားရင်လည်းအပြတ်ပြောလိုက်ပါ......တစ်ဖက်ကမျှော်လင့်ချက်တွေအရမ်းထားပြီး တစ်ဖက်သတ်အချစ်နဲ့ချစ်ပြီး...တစ်ဖက်လှည့်နဲ့အသတ်ခံနေရရင်တော့အဆင်မပြေဘူးမဟုတ်လား......"


ခပ်ဟဟရယ်ရင်းပြောလာတဲ့စကားတစ်ခွန်းအဆုံးရုတ်ချည်းဆိုသလိုပြောင်းလဲသွားတဲ့ခပ်တွေတွေမျက်နှာပေးကြောင့်လင်းလက်တစ်ဖက်လူကိုသာစူးစိုက်ကြည့်နေမိသည်။


"ထူးထက်စေကကျွန်တော့်အလုပ်သမားပါ...ဒါပေမယ့်လည်း ကျွန်တော်သူ့ကိုညီအစ်ကိုအရင်းလိုသဘောထားတယ်......ခင်ဗျားမသိပေမယ့် ထူးထက်စေကတကယ့်ကိုသနားဖို့ကောင်းတဲ့သူပါ...ငယ်ငယ်ကတည်းကအသက်ရှင်ဖို့ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရတဲ့သူ......သူမရဖူးတဲ့ဒဏ်ရာဆိုတာလည်းမရှိသလို သူမကြုံဖူးတဲ့နာကျင်မှုလည်းမရှိဘူး......"


Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now