EP - 19

2K 193 20
                                    

Unicode

"ထည်ဝါ......"

"ရှူး......"

စကားစလာတဲ့လင်းလက်ကြောင့်ထည်ဝါအမူအရာပြကာတားလိုက်ရသည်။ အကြောင်းကတော့ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကျွန်တော့်ချစ်ရသူလေးနိုးသွားမှာစိုးတာကြောင့်ပင်။ ဒီအတောအတွင်းပြုစုပေးမယ့်သူမရှိတာကြောင့်စေးကပ်ကပ်နဲ့ရှုပ်ပွပွဖြစ်နေတဲ့ဆံပင်ရှည်လေးတွေကိုဖိသပ်ပေးရင်းမျက်လုံးအောက်ကနေပါးပြင်အထိရှိတဲ့ဒဏ်ရာပေါ်ကိုခပ်ဖွဖွထိတွေ့လိုက်မိတယ်။
ဆရာဝန်တစ်ယောက်အနေနဲ့မလုပ်သင့်ဘူးဆိုပေမယ့်လို့ပေါ့။

"အခုကစပြီး...ကိုယ်ကသေချာပြုစုစောင့်ရှောက်ပေးတော့မှာမို့......ကောင်လေးကနေကောင်းအောင်နေရမယ်နော်......"

နှဖူးပေါ်အနမ်းတစ်ချက်ခြွေပြီးလင်းလက်ကိုမျက်စမျက်နပြကာဆိုဖာပေါ်ဦးတည်လိုက်တော့လင်းလက်ကလည်းနောက်ကနေအလိုက်တသိလိုက်လာသည်။

"အဲ့ဒီ့ကောင်လေးကမင်းနဲ့အသိလား......"

"ငါချစ်ရတဲ့သူ......"

ဆိုဖာပေါ်တွင်ဝင်ထိုင်ပြီးLaptopနှင့်ဦးမင်းရဝဏ်ဆီmessageတစ်စောင်ပို့နေရင်းပြန်ဖြေမိတဲ့စကားတစ်ခွန်း။ ကျွန်တော့်အဖြေကြောင့်လင်းလက်တစ်ယောက်မျက်လုံးအပြူးသားနဲ့အံ့သြနေလောက်မယ်မှန်းသိပေမယ့်မော့မကြည့်ဖြစ် ၊ အခုအချိန်မှာကောင်လေးအတွက်စီစဉ်စရာရှိတာစီစဉ်ပေးရမည်သာ။

"ဒါဆိုအဲ့ဒီ့ကောင်လေးကမင်းပြောဖူးတဲ့ဟိုကောင်လေးပေါ့......သူ့နာမည်ဘယ်လိုခေါ်လဲ......မင်းနဲ့သူနဲ့ကဘယ်လိုတွေ့ကြတာလဲ...အဲ့ကောင်လေးအသက်ကရောဘယ်လောက်လဲ......ပညာအရည်အချင်းရော......သူ့မိသားစုနဲ့ရောတွေ့ဖူးလား......"

"ကျစ်!......မင်းတော်တော်စပ်စုတာပဲ...ဆရာဝန်မလုပ်ဘဲသတင်းထောက်လုပ်ပါလား......"

"ငါသိချင်လို့လေကွာ......"

စိတ်တိုတိုနဲ့ပိတ်ဟောက်လောက်မိတာတောင်မျက်နှာချင်းဆိုင်ကဆိုဖာပေါ်မှာဝင်ထိုင်ပြီးဆက်မေးနေသေးတဲ့ကျွန်တော့်ချစ်သူငယ်ချင်းကြီးကိုရွဲ့ပြုံးသာပြုံးပြရင်းလက်ခလယ်ထောင်ပြလိုက်သည်။
ဘယ့်နှယ့်သူများအကြောင်းစပ်စုလိုက်တာမှလွန်ရော......။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now