EP - 39

1.6K 168 41
                                    

Unicode


အိမ်တစ်အိမ်ရဲ့မီးဖိုခန်းထဲတွင်အေပရွန်ဝတ်ကာအသေအချာချက်ပြုတ်နေသောအမျိုးသားတစ်ဦး။ နူးညံ့ပုံရသောလက်ချောင်းသွယ်တို့သည်ထိခိုက်ဒဏ်ရာရခြင်း ၊ အပူလောင်ခြင်းအလျင်းမရှိဘဲ professionalကျကျသေသေသပ်သပ်ချက်ပြုတ်နေသည်မှာမသိလျှင်ကျွမ်းကျင်စားဖိုမှူးတစ်ယောက်နှယ်။ ရှမ်းခေါက်ဆွဲနှစ်ပွဲကိုစားပွဲပေါ်တင်လိုက်ရင်းမျက်မှန်ကိုလက်ညှိုးနှင့်အသာပင့်တင်ကာသူပြုံးမိသည်။


"ကောင်လေးသဘောကျလောက်မှာပါ......"


တိုးဖွဖွရေရွတ်မိစဥ်ခါးကိုသိုင်းဖက်လာတဲ့လက်တစ်ဖက်။ ခေါင်းအသာငဲ့စောင်းကာကြည့်မိတော့ပခုံးပေါ်မှီတင်လာသည့်ကောင်လေးရဲ့မျက်နှာနှင့်အတော်လေးနီးကပ်သွားမိသည်။ တကယ်ဆိုထည်ဝါကခါးကိုလာထိလျှင်မကြိုက်တဲ့လူစားမျိုးပါပင်။ ဒါပေမယ့်လို့အခုအခါကကောင်လေးဖြစ်နေတာမို့.....။


"နိုးပြီလား......"


ဘယ်ဘက်လက်ဖြင့်ကောင်လေးရဲ့မျက်နှာကိုထိကိုင်ရင်းမေးမိတော့ခေါင်းညိတ်ပြလာသည့်အချွဲလေး။ အင်္ကျီအဝတ်အစားကိုကြည့်မိတော့လည်းကိုယ်ထုတ်ပေးထားသည့်T-shirtနက်ပြာလေးနှင့်မို့ဒီကောင်လေးရေချိုးပြီးလောက်ပြီမှန်းသေချာနေပါပြီ။


"ခုနကဘာတွေတစ်ယောက်တည်းပြောနေတာလဲ......"


"ဟင်...ကိုယ်ဘာမှမပြောမိပါဘူး......"


ပြောပြောဆိုဆိုနှင့်ကောင်လေးကိုထိုက်ခုံတစ်ခုံတွင်ထိုင်စေကာရှမ်းခေါက်ဆွဲကိုသမအောင်မွှေပေးနေမိတော့ကောင်လေးကမေးလေးထောက်ကာမော့ကြည့်နေပြန်သည်။ ရှမ်းခေါက်ဆွဲကိုသေသေချာချာမွှေပေးပြီးမှပန်းကန်ကိုကောင်လေးရှေ့ချပေးလိုက်တော့အရသာခံသလိုပုံစံလေးလုပ်ကာတစ်လုတ်ယူစားနေတဲ့ကောင်လေး။
ဒီကလေးနဲ့တော့...အသည်းယားလို့ဆွဲဖက်နမ်းမိတော့မှာပဲ......။


"ဒေါက်တာကအရင်ဘဝကစားဖိုမှူးဖြစ်ခဲ့တယ်နဲ့တူတယ်နော်......"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now