EP - 8

1.9K 182 38
                                    

Unicode

မှိုင်းညှို့အိမ်ပြန်ရောက်တော့တစ်အိမ်လုံးကမှောင်မည်းနေတာမို့မြတ်သဝဏ်လည်းအိပ်သွားလောက်ပြီထင်။ဖုန်းကနာရီကိုကြည့်လိုက်တော့အချိန်က11နာရီခွဲ။  သုံးနှစ်တာနေခဲ့တဲ့နေရာဖြစ်တာကြောင့်အလွတ်ရနေတဲ့မှတ်ဉာဏ်အတိုင်းအိပ်ခန်းဆီကိုဦးတည်ကာလျှောက်သွားလိုက်တော့ ညအိပ်မီးအရောင်မှိန်မှိန်အောက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့မြတ်သဝဏ်နဲ့သား။

ပါးစပ်ကလေးဟကာအိပ်ပျော်နေရှာတဲ့သားရဲ့လွတ်နေတဲ့တစ်ဖက်မှာဝင်ထိုင်လိုက်ရင်းပါးလေးကိုခပ်ဖွဖွထိကိုင်လိုက်တော့ သားကလှုပ်စိလှုပ်စိနဲ့တစ်ဖက်ကိုပိုတိုးလှည့်လာတယ်။

"ဖေဖေ့သားလေး……"

ပါးလေးကနေတစ်ဆင့်နှဖူးပေါ်ကဆံပင်စလေးတွေကိုသပ်တင်ပေးမိစဉ် ခပ်စိုစိုဖြစ်နေတဲ့အုန်းဆီလေးတွေကိုပါစမ်းမိလိုက်သည်။ ဒီအုန်းဆီကသေချာပေါက်မြတ်သဝဏ်လက်ချက်ပဲဆိုတာပြောစရာတောင်မလိုတော့။
အဟင်း…မြတ်သဝဏ်ဆိုတဲ့ကောင်ကသားကိုတော့တော်တော်ချစ်တယ်ပြောရမလားပဲ……သားငယ်ငယ်လေးကတည်းကနေအခုအချိန်အထိကိုအသေးစိတ်ကအစအမြဲဂရုစိုက်ပေးတတ်တာဆိုတာမှိုင်းညှို့ပြောစရာတောင်မလိုဘူး။

တကယ်တော့မြတ်သဝဏ်ကမှိုင်းညှို့ကိုလည်းဂရုစိုက်ရှာပါတယ်။ မျက်နှာတစ်ချက်လောက်ညှိုးသွားရင်ကိုအထပ်ထပ်အခါခါတောင်းပန်လို့မဆုံးဘူး။ တစ်ခါကဆိုမှိုင်းညှို့စိတ်ဆိုးဆိုးနဲ့အိမ်ပေါ်ကဆင်းမယ်လုပ်တော့အဲ့ကောင်ကလူမြင်ကွင်းကြီးမှာတင်ကိုဒူးထောက်တောင်းပန်ရှာတာ။
အိမ်း……အဲ့ဒီ့တုန်းကဆိုသားကိုမွေးပြီးတာသုံးလလောက်ပဲရှိအုံးမယ်……။

**************************************************


("အစ်ကို……ကျွန်တော်အဲ့ဒီ့လိုသဘောပြောတာမဟုတ်ပါဘူး…စိတ်မဆိုးပါနဲ့အစ်ကိုရယ်……")

အစ်ကို့ကိုစိတ်ပူလို့အပြင်မထွက်ဖို့ပြောရင်းကနေဘယ်ကဘယ်လိုစိတ်ဆိုးသွားမှန်းမသိစိတ်ဆိုးသွားတဲ့အစ်ကိုကအိမ်ပေါ်ကဆင်းမယ်ပါလုပ်နေသေးတာကြောင့်သဝဏ်အသည်းအသန်လိုက်ချော့နေရခြင်း။
အစ်ကိုကသားကိုမွေးထားတာမကြာသေးလို့စိုးရိမ်ပြီးတားမိရုံလေးပါ။ ဒါပေမယ့်အစ်ကိုကတော့ဘာတွေအဓိပ္ပါယ်ကောက်လွဲသလဲမသိတော့ပေ။ ဘာပဲဖြစ်ဖြစ်အစကတည်းကသူသတိထားခဲ့သင့်တာရယ်ပါ……ဒီရက်ပိုင်းအစ်ကိုကတကယ်ကိုစိတ်ဆတ်လွန်းနေတာမဟုတ်လား……။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now