EP - 34

1.6K 177 62
                                    

Unicode


"ဟာကွာ……တကယ်ခဏလေးပဲလေဒေါက်တာ…ခဏလေးပဲ……မကြာဘူး……"

ဘေးကနေမျက်နှာငယ်လေးနဲ့လာပြောနေတဲ့ကောင်လေးကိုထမင်းပွဲပြင်ရင်းမျက်စောင်းထိုးကာစိုက်ကြည့်ပေးလိုက်တော့စူပတြ်ပုတ်မျက်နှာထားလေးနှင့်ခေါင်းငုံ့သွားပြန်သည်။ ပုံမှန်ဆိုလောလောလတ်လတ်ချစ်သူလေးကချစ်စရာကောင်းလွန်းနေလို့ဖက်နမ်းပစ်မိမှာမှန်ပေမယ့်အခုအချိန်မှာတော့ထည်ဝါကိုယ့်စိတ်ကိုထိန်းရမည်။ မဟုတ်ရင်နေမကောက်းသေးတာပိုအပြင်ထွက်ချင်နေတဲ့ဒီကလေးကရောင့်တက်လာတော့မှာ……။

ပြုံးစိစိဖြစ်ချင်နေတဲ့မျက်နှာထားကိုပြန်တည်ပြီးဂရုမစိုက်သလိုနေလိုက်တော့ဘေးကထိုင်ခုံမှာဝင်ထိုင်ပြီးခါးကိုသိုင်းဖက်လာခဲ့လာတဲ့လက်တွေ။ မျက်နှာလေးကလည်းဗိုက်သားပေါ်မအပ်ထားရုံတမယ်မို့ကိုယ့်မှာနှလုံးခုန်နှုန်းတိုင်းရင်သာမန်ထက်ဆယ်ဆလောက်မြန်နေမှာအသေအချာပါပင်။

"ဒေါက်တာလို့……"

ကလေးတွေချွဲသလိုလာချွဲနေတဲ့ကောင်လေးကတကယ့်ကိုအသက်25နှစ်အရွယ်ယောက်ျားရင့်မာကြီးတစ်ယောက်မှဟုတ်ပါလေစ။

"ပြော……"

ခပ်ဆတ်ဆတ်ပြန်ဖြေလိုက်တော့ငိုမဲ့မဲ့မျက်နှာထားနှင့်ရင်ခွင်ထဲတိုးဝင်လာပြန်တဲ့ကောင်လေး။ သေချာဖြီးသင်ထားတဲ့မီးခိုးရောင်ဆံပင်တွေကအခုတော့ကိုယ့်ရင်ခွင်ထဲတိုးဝှေ့နေတာကြောင့်ပွရှုပ်ရှုပ်ပင်ဖြစ်နေလေပြီ။

"ဆံပင်တွေပွကုန်ပြီကလေးရာ……"

"ကျွန်တော်ကခဏလေးပဲသွားမယ့်ဟာကို…ဒေါက်တာကလည်း……"

"ဟူး……တကယ်ခဏလေးပဲလား……"

"ဟုတ်……"

ချက်ချင်းဆိုသလိုဝင်းလက်သွားတဲ့မျက်နှာလေးကြောင့်ထည်ဝါဆက်မငြင်းနိုင်တော့။ နောက်တစ်ခါကျမှပဲဒီကလေးဆိုးလေးကိုအလိုမလိုက်ပဲနေပါတော့မယ်လေ……။

"အင်း……ဒါဆိုလည်းပြီးရော……"

"ဟဲဟဲ……ဒါဆိုကျွန်တော်သွား………"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now