EP - 17

1.9K 200 23
                                    

Unicode


"ဒေါက်တာ!!……"

"ဘာဖြစ်လို့လဲကောင်လေးရယ်……"

"ခင်ဗျားကိုယ်ခင်ဗျားဘာစကားပြောလိုက်တယ်ဆိုတာရောသိရဲ့လား ဟမ်……"

ဒေါသတကြီးပြောနေတဲ့ကောင်လေးကြောင့်ထည်ဝါသက်ပြင်းဖွဖွချမိသည်။
သူပြောလိုက်တဲ့စကားကိုသူမသိဘဲနေပါ့မလား……။
ကောင်လေးပြောနေတဲ့ပုံစံအရဆိုသေချာပေါက်ကူညီပေးဖို့လူတစ်ယောက်တော့လိုမှာပဲလေ။ ဘာပဲဖြစ်ဖြစ်သူကောင်လေးကိုကူညီပေးချင်တယ်။
အကယ်၍…ကောင်လေးရဲ့ကလဲ့စားချေမှုသာပြီးမြောက်သွားမယ်ဆိုရင်……ဘယ်သူနဲ့ပဲပက်သက်ဆက်နွယ်ရဆက်နွယ်ရ တန်တယ်။

"ကျုပ်အခုပြောနေတဲ့စကားက ခက်ထန်ယစ်ကိုမြှူစွယ်ရမယ်ဆိုတဲ့သဘောပါနေတာတောင်ခင်ဗျားကဘာကိုကူညီပေးချင်နေသေးတာလဲ……"

ခပ်ကြိတ်ကြိတ်အသံနဲ့ပြောလာတဲ့ကောင်လေးကအနားကိုပါတိုးကပ်လာတာမို့ထည်ဝါခေါင်းကိုသာငုံ့ချထားမိတယ်။ မင်းလိုချင်တာသာဖြစ်မြောက်သွားမယ်ဆိုရင်…ကိုယ့်ကိုချနင်းသွားလည်းကိစ္စမရှိဘူးကလေး……။

"ကျုပ်ကိုကြည့်!……ကြည့်လို့ပြောနေတယ်လေ!!……"

လက်မောင်းနှစ်ဖက်ကိုအတင်းဆုပ်ကိုင်ကာအော်ဟစ်နေပြန်တာကြောင့် ကောင်လေးအလိုကျမော့ကြည့်လိုက်မိတော့ ဒေါသထွက်နေဟန်ရှိသည့်မျက်ဝန်းတွေကတစ်ဖက်ကကြည့်ပြန်လျှင်လည်းတစ်စုံတစ်ခုကိုဝမ်းနည်းနေသယောင်။

"ခင်ဗျားမှတ်ထား……ကျုပ်ခင်ဗျားကိုအဲ့ဒီ့လူတွေနဲ့ပက်သက်ခိုင်းဖို့မပြောနဲ့…သူတို့နဲ့အနီးဆုံးဧရိယာမှာတောင်ခင်ဗျားကိုမထားဘူး နားလည်လား!!……"

"ဒါပေမယ့် ကိုယ်……"

"ဒေါက်တာစဝ်ထည်ဝါ!!……"

ကောင်လေးဆီကနေတစ်ခါမှနာမည်အပြည့်အစုံအခေါ်မခံရဖူးတာမို့ရင်ထဲဆစ်ခနဲ။ ဘာမှဆက်မပြောဘဲငြိမ်နေလိုက်တော့ခါးကိုဖက်တွယ်လာတဲ့လက်တစ်စုံနဲ့အတူပခုံးပေါ်မျက်နှာအပ်လာသည်။
နေပါအုံး…ဒါ အခုကောင်လေးကသူ့ကိုဖက်လိုက်တာလား……။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now