EP - 44

1.6K 143 28
                                    

Unicode


ခြံတံခါးကိုအမြန်ဆွဲဖွင့်ပြီးအရှိန်တင်လာတဲ့ခြေလှမ်းတွေကိုတုံ့ခနဲရပ်တန့်မိတော့ လူကခွေမလဲကျရုံတမယ်ကောင်လေးရှေ့ယိုင်သွားသည်။ ပြီးမှခေါင်းငုံ့ကာမလှုပ်မယှက်ရပ်နေတဲ့ကောင်လေးဆီအကြည့်ရောက်မိတော့စိုးရိမ်စိတ်ကကောင်းကင်ပြာကိုပင်ထိုးဖောက်သွားသည့်အလား။

"ဒါဘာဖြစ်လာတာလဲ...ဘာတွေလဲကောင်လေး......"

သွေးတွေစွန်းပေနေသည့်အင်္ကျီကိုဆုပ်ကိုင်ရင်းခန္ဓာကိုယ်လေးပေါ်ထိရမလိုမထိရမလိုဖြစ်နေတဲ့ကျွန်တော့်ကိုကောင်လေးကခါးကနေဆွဲယူလိုက်ပြီးသူ့ရင်ခွင်ကျယ်ထဲခိုနားစေသည်။ ပြေလျော့ကျနေတဲ့မီးခိုးရောင်ဆံနွယ်တွေကသွေးစတွေကပ်ငြိနေပေမယ့်ခပ်ဖွဖွ‌ဖိသပ်ပေးမိတော့ပခုံးပေါ်မျက်နှာအပ်ကာရှိုက်ငိုလာတဲ့ကျွန်တော့်ကလေးလေး။

"ကျွန်တော်မလုပ်နိုင်ဘူးဒေါက်တာ......ကျွန်တော်တကယ့်တကယ်ကြုံလာခဲ့တဲ့အချိန်ကျတော့မလုပ်နိုင်ခဲ့ဘူး...ကျွန်တော်အဲ့ဒီ့လူကိုသတ်ပစ်ချင်ပေမယ့်မသတ်ပစ်နိုင်ခဲ့ဘူး......ကျွန်တော်ခံစားခဲ့ရတာထက်အဆပေါင်းများစွာနာကျင်အောင်လုပ်ပစ်ချင်ပေမယ့် ကျွန်တော်တကယ့်လက်တွေ့မှာတော့တွန့်ဆုတ်နေမိတယ်......စိတ်ဒဏ်ရာပေးခဲ့တဲ့သူကိုဒုက္ခိတဖြစ်အောင်ပြန်လုပ်ပြီးကလဲ့စားချေခဲ့ချင်မိပေမယ့်...သားကြောင့်ပဲလားတော့မသိဘူး ကျွန်တော်အခုတော့ အခုကျတော့......."

စကားအရှည်ကြီးပြောပြီးပိုရှိုက်ငိုလာတဲ့ကောင်လေးကတကယ့်ကိုဖြူစင်လွန်းတဲ့ကလေးလေးလိုပင်။ ထည်ဝါခပ်ဖွဖွပြုံးလိုက်ပြီးကောင်လေးရဲ့ကျောပြင်ကျယ်ကိုခပ်ဖွဖွပွတ်သပ်ပေးကာနှစ်သိမ့်ခြင်းမမည်သောနှစ်သိမ့်မှုဖြင့်ထိတွေ့ပေးလိုက်သည်။ တကယ်တော့ဒီလိုတွေဖြစ်လာမယ်ဆိုတာထည်ဝါအစကတည်းကကြိုခန့်မှန်းမိပြီးသားရယ်ပါ။ ဖြူစင်တဲ့လူတစ်ယောက်ကတခြားသူတွေကြောင့်ဘယ်လောက်ပဲအရောင်‌တွေစွန်းထင်းခဲ့ပါစေသူ့ရဲ့စိတ်အဖြူထည်လေးကတော့ကျန်ရှိနေသေးတာပဲမဟုတ်လား။

"မငိုနဲ့တော့လေ ကောင်လေးရယ်...ကိုယ့်ကလေးလေးကဒီလောက်ဖြူစင်တာဒါမျိုးရက်စက်တာတွေဘယ်လုပ်နိုင်ပါ့မလဲ......ကိုယ်အစောကြီးကတည်းကတွက်ဆထားပြီးသားမို့ကောင်လေးကိုယ်တိုင်ကလည်းလက်ခံရမှာပေါ့......"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now