EP - 46

1.3K 105 10
                                    

Unicode

" အဟား! မင်းကအခုတော့...မှိုင်းညှို့ရွှေဘုံကြောင့်ငါ့အနားအတင်းလာကပ်ပြီးဝင်ရောနေခဲ့တာပေါ့လေ ဟုတ်လား......"

" ဦးဘာတွေပြောနေတာလဲ ကျွန်တော်နားမလည်ဘူး...ကျွန်တော်......"

တစ်ဖက်လူရဲ့စကားတွေကိုဆက်မနားထောင်ချင်တော့တာကြောင့်ထည်ဝါထိုနေရာမှထွက်လာခဲ့လိုက်သည်။ နားမထောင်ချင်တာထက်နားမထောင်နိုင်တာဆိုလျှင်ပိုမှန်ပါလိမ့်မည်။ ထူးထူးဆန်းဆန်းသံယောစဉ်တွယ်မိတဲ့ဒီကောင်လေးကအခုလိုမှိုင်းညှို့ရွှေဘုံနဲ့ပေါင်းပြီးကိုယ့်နောက်ကျောကိုဓါးနဲ့ထိုးမယ့်သူ့လူကိုယ့်ဘက်သားဖြစ်နေတာကိုတကယ်လက်မခံနိုင်မိသေးပေ။

" ဦး...ဦး ကျွန်တော်ရှင်းပြပါ့မယ် ဦးပြောနေတာတွေကျွန်တော်ဘာမှမသိပါဘူး......ကျွန်တော်အဲ့ဒီ့အစ်ကို့ကိုလည်းမသိဘူး ဦးပြောနေတာတွေလည်းနားမလည်ဘူး...ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ကျွန်တော်တောင်းပန်ပါတယ် ဦးကျေနပ်တဲ့အထိတောင်းပန်မှာမို့ကျွန်တော့်ကိုစိတ်မဆိုးလိုက်ပါနဲ့နော်......"

အနောက်မှကပ်ပါလာသည့်ခြေသံနှင့်အတူစကားသံတတွတ်တွတ်ကြောင့်ထည်ဝါခြေလှမ်းကျဲများကိုပိုအရှိန်တင်ကာလျှောက်လှမ်းမိသည်။ သို့သော်အနောက်မှကပ်လိုက်လာတဲ့ကောင်လေးကလည်းအလျှော့မပေးဘဲမပြေးရုံတမယ်လိုက်ချော့ရှာပြန်ပါ၏။

" ကျွန်တော်ပြောတာလေးလည်းနားထောင်ပါအုံးဦးရဲ့...ကျွန်တော်ဘယ်တော့မှဦးထိခိုက်အောင်မလုပ်ပါဘူး ဘာလို့ဆိုကျွန်တော်ဦးကိုချစ်လို့!!......"

ခပ်ကျယ်ကျယ်အော်ဟစ်ကာပြောဆိုလိုက်စကားတစ်ခွန်းရဲ့အဆုံးသတ်တွင်ထည်ဝါ့ခြေလှမ်းတွေမှာလည်းတုံ့ခနဲ။ ခပ်ဖြေးဖြေးလှည့်ကြည့်မိတော့အားငယ်ဖျော့တော့စွာငေးကြည့်နေသည့်မျက်ဝန်းတစ်စုံနှင့်ဆုံသည်။

" ချစ်တယ်...ကျွန်တော်ဦးကိုအရမ်းချစ်တာ အဲ့ဒါကြောင့်ကျွန်တော်ချစ်တဲ့သူထိခိုက်ရအောင်ဘယ်တော့မှမလုပ်ပါဘူး......"

တရစပ်ပြောနေတဲ့စကားလုံးတွေနဲ့အတူတဖွဲဖွဲရွာကျလာတဲ့မိုးရေစပ်တွေ။ မလှုပ်မယှက်ရပ်နေတဲ့ကောင်လေးနှစ်ယောက်မှာတစ်ယောက်ကမျက်ရည်စတွေကိုမိုးရေနဲ့အတူမျှောချပြီးတစ်ယောက်ကတော့မယုံကြည်နိုင်သည့်မျက်ဝန်းများနှင့်ပင်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now