EP - 4

2K 188 11
                                    


Unicode

"ဝ…လုံး……"

ဧည့်ခန်းထဲမှာခေါက်စားပွဲခုံလေးနှင့် ' ဝ '  လုံးရေးနေတဲ့သားကိုသဝဏ်မီးဖိုခန်းထဲကနေတစ်ချက်လှမ်းကြည့်ကာပြုံးလိုက်မိသည်။  သားကမူကြိုစတက်တုန်းကတော့ငိုယိုနေပေမယ့်လို့နောက်နေ့တွေကျတော့တဖြည်းဖြည်းအသားကျလာပြီးမငိုတော့။ အခုနောက်ပိုင်းဆိုမူကြိုသွားခါနီးဆိုသားကပိုတောင်တက်ကြွနေသေး။

ဘာလိုလိုနဲ့သားမူကြိုတက်တာတောင်တစ်လလောက်ရှိသွားပြီပဲ။ အဟား!…ဒါပေမယ့်သားကအခုထိဝလုံးကိုပဲပြန်ရေးနေရတုန်း။ အစ်ကိုရဲ့တစ်ချက်လွှတ်အမိန့်အရ  ' လက်ရေးလှအောင်လို့ဝလုံးရေးလ့ကျင့်ရမယ် '  ဆိုလို့အခုအချိန်အထိသားစာအုပ်ထဲမှာဝလုံးတွေပဲပိုများနေတော့တာ။

အစ်ကိုပြောတာဟုတ်တော့လည်းဟုတ်သား……သားရဲ့ဝလုံးက မလုံးဘဲရှည်မျောမျောပဲပင်ပေါက်နဲ့တူနေတာကို……။

"ဒယ်ဒီ……"

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေမိတုန်း အနားကိုရောက်လာတဲ့သားကြောင့်ယောင်နနနှင့်မေးဆတ်ပြမိတော့ သားကလက်ရေးလှစာအုပ်လေးနဲ့ခဲတံလေးကိုထိုးပေးလာတယ်။

"သားသားကိုဒယ်ဒီ့နာမည်ရေးပြ……"

ပြောရင်းနဲ့လက်ထဲကစာအုပ်နဲ့ခံတံလေးကိုရှေ့ပိုတိုးပေးလာတာကြောင့် သဝဏ်ပန်းကန်ဆေးနေတာကိုအမြန်ရပ်ကာလက်ကိုအဝတ်သန့်သန့်တစ်ခုနှင့်အမြန်သုတ်လိုက်ရသည်။
အစ်ကိုကသားကိုညစ်ပတ်နေတဲ့လက်နဲ့ထိရင်မကြိုက်ဘူး……။

"ဒယ်ဒီ ရော့……"

သားနဲ့အရပ်တန်းတူဖြစ်အောင်ဆောင့်ကြောင့်ထိုင်ချလိုက်သည်နှင့်စာအုပ်ကိုအတင်းထိုးပေးလာတဲ့သားကြောင့် ပါးဖောင်းဖောင်းလေးကိုဖွဖွလေးဆွဲကာစာအုပ်နဲ့ခဲတံကိုလှမ်းယူလိုက်ရတယ်။

("သားကဒယ်ဒီ့နာမည်ကိုဘာလုပ်မလို့လဲဗျ……")

"သားသားဒယ်ဒီရဲ့နာမည်ကိုရေးတတ်ထားချင်လို့လေ…ဒါမှသူများတွေကိုဒယ်ဒီကဘယ်လောက်ချောကြောင်းကြွားရင်နာမည်ပါပေါင်းပြလို့ရမှာပေါ့……"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now