EP - 23

1.9K 201 10
                                    


Unicode


"သူ့ကိုတခြားသူတွေကုပေးလိမ့်မယ်လေ…ဒီနိုင်ငံမှာဆရာဝန်တွေအများကြီးရှိနေတာပဲ……ဒေါက်တာက ကျွန်တော့်တစ်ယောက်တည်းကိုပဲကုသပေးရမယ့်သူ……"

အကြည့်စူးစူးနဲ့စကားသံတစ်ခုကြားထည်ဝါ့ရဲ့နှလုံးခုန်သံကတဒိန်းဒိန်း။ ကောင်လေးနဲ့ပက်သက်ရင်နှလုံးသားကဂနာမငြိမ်ဖြစ်လွန်းတယ်လို့ဆိုမိပြန်ရင်လည်းအရမ်းပိုလွန်းတယ်များဖြစ်နေမလားမသိပေမယ့်ဒါတွေကချစ်မိဖူးရင်တော့ယုံမှာပါပဲ။

ကိုယ့်ရင်ဘတ်ကိုလက်အသာဖိကာသတိပြန်ကပ်စေရင်းကောင်လေးကိုငေးမိတော့ ခေါင်းစည်းကြိုးတစ်ခုနဲ့မီးခိုးရင့်ရောင်ဆံပင်တွေကိုဖြစ်သလိုစုစည်းနေတဲ့ကောင်လေး။ ဘေးတိုက်မြင်နေရတဲ့မျက်နှာသွယ်သွယ်ကရှင်းသန့်ကာချောမောခန့်ညားနေသည်။ မီးခိုးရင့်ရောင်ဆံပင်တွေပေါ်မှာပြေးလွှားနေတဲ့ရှည်သွယ်သွယ်လက်ချောင်းလေးတွေက ထည်ဝါ့ကိုအကြိမ်ကြိမ်ကြွေဆင်းစေခဲ့မှန်းဘယ်သူသိပါ့မလဲ။

ကောင်လေးကထိုင်ခုံမှာကျကျနနပြန်ထိုင်ပြီးအစည်းအဝေးဆက်လုပ်နေပေမယ့်ထည်ဝါကတော့ထိုနေရာတွင်သာကြောင်ကြောက်အအရပ်နေမိသေးတာကြောင့် ကောင်လေးဘေးကနေရာလွတ်မှာခပ်မြန်မြန်ဝင်ထိုင်လိုက်ရသည်။ တည်တံ့နေတဲ့မျက်နှာထားနဲ့အသံခပ်ရှရှလေးကကြားရသူတိုင်းအတွက်တကယ့်ကိုဆွဲဆောင်မှုရှိသည်။ စကားပြောရင်းတစ်ချက်တစ်ချက်ပင့်သက်သွားတဲ့နှုတ်ခမ်းထောင့်စွန်းလေး။ ဖိုင်တွေအပေါ်လှုပ်ရှားသွားတဲ့လက်ချောင်းလေးတွေ။

အား!!……ဘယ်လောက်တောင်ငေးချင်စရာကောင်းလိုက်သလဲ……။

"ဒေါက်တာ!……"

ခပ်ကျယ်ကျယ်ခေါ်သံကြားမှသာထည်ဝါတစ်ယောက်သတိပြန်ဝင်မိတယ်။ ဘေးပတ်လည်ကိုကြည့်မိတော့အစည်းအဝေးခန်းထဲမှာဘယ်သူမှမရှိတော့။
သူကောင်လေးကိုဘယ်လောက်တောင်ငေးနေမိလိုက်တာပါလိမ့်……။

"ဘာတွေတွေးနေတာလဲဒေါက်တာ……"

"ဟို…ဘာ…ဘာမှမတွေးပါဘူး……ကောင်လေးမနက်ကဘာမှမစားရသေးဘူးမလား ကိုယ်မနက်စာစားဖို့ပြင်ပေး……"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now