EP - 30

1.8K 179 17
                                    

Unicode


"မင်းဘာလုပ်လိုက်တာလဲ!!……"

ထည်ဝါ့အမေးကြောင့်မှိုင်းညှို့ရွှေဘုံကလန့်သွားပုံရပေမယ့်လို့ဂရုမစိုက်မစိုက်မိ။  သူအခုအချိန်ဂရုစိုက်တာသူချစ်ရတဲ့ကောင်လေးတစ်ယောက်တည်းကိုသာ။ သူချစ်ရတဲ့ကလေးကကြောက်နေတယ်။ မဟုတ်သေးဘူး……အရမ်းကြောက်နေရှာတယ်။

"ကျွန်…ကျွန်တော်ဘာမှမလုပ်ပါဘူး……"

အနည်းငယ်တုန်လှုန်နေပုံရတဲ့မှိုင်းညှို့ရွှေဘုံရဲ့ပုံစံကလိမ်နေပုံတော့မရပေမယ့် ထည်ဝါမလှုပ်မယှက်နှင့်ခပ်စူးစူးသာစိုက်ကြည့်နေမိဆဲပါပင်။  တစ်ချိန်ကကောင်လေးကိုထိခိုက်အောင်လုပ်ခဲ့ဖူးတဲ့သူကအခုအချိန်မှာထပ်ပြီးထိခိုက်အောင်မလုပ်နိုင်လောက်တော့ပါဘူးလို့ဘယ်သူပြောနိုင်တာမို့လို့လဲ။

"ကျွန်တော်…ကျွန်တော်ကျိန်ပြောရဲပါတယ်……ရဏသဝဏ်ကိုကျွန်တော်ဘာတစ်ခုမှထိခိုက်အောင်မလုပ်ရပါဘူး……"

"အဟက်!……သေချာလို့လား……"

သေချာလို့လား……မင်းကြောင့်ကောင်လေးဘဝတစ်ခုလုံးစုတ်ပြတ်ခဲ့ရတာ!!……မင်းကြောင့်ကောင်လေးကAichmophobiaဖြစ်ခဲ့ရတာ!!……မင်းကြောင့်နဲ့ကလေးကဒီလောက်အထိပြောင်းလဲသွားခဲ့ရတာ!!…ဒါကိုမင်းကမင်းဘာမှမလုပ်ခဲ့ပါဘူးတဲ့လား……။

ခနဲ့ပြုံးပြုံးကာသူ့ကိုစူးစိုက်ကြည့်နေတဲ့လူကြောင့်မှိုင်းညှို့ကြောင်အတေမိတာတော့အမှန်။ တကယ်လည်းသူရဏသဝဏ်ကိုနည်းနည်းလေးတောင်မှမထိခဲ့တာဘဲ။ 

"သေချာပါတယ်……ကျွန်တော်ဘာမှမလုပ်ပါဘူး……"

ထပ်ပြီးရင်ဆိုင်လိုက်ရတဲ့မဲ့ပြုံးတစ်ချက်။ ထို့နောက်မှိုင်းညှို့လက်ထဲကဓါးကိုခပ်စူးစူးစိုက်ကြည့်လာတာမို့ယောင်နနနှင့်ဓါးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။

"အခန်းထဲကနေထွက်သွားပေးပါ……ကျွန်တော့်ခွင့်ပြုချက်မရမချင်း ခင်ဗျားအပါအဝင်ဘယ်သူမှဝင်မလာပါစေနဲ့……"

အမိန့်ပေးသလိုပြောဆိုလာတာကြောင့်ဒေါသထွက်မိပေမယ့်ခပ်လှမ်းလှမ်းကဆိုဖာပေါ်မှာထိုင်နေသည့်ရဏသဝဏ်ဆီအကြည့်ရောက်မိတော့ ထိုသူကအခုထိအဆင်ပြေသေးပုံမပေါ်။ တစ်ခုခုကိုကြောက်ရွံ့ထိတ်လန့်နေသလိုဖြစ်နေသေးပေမယ့် ခုနကလိုတော့ဘာမှန်းမသိတဲ့စကားတွေမပြောတော့။ ငြိမ်ငြိမ်လေးထိုင်နေကာမျက်စိစုံမှိတ်ထားသည်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now