EP - 9

1.8K 189 18
                                    

Unicode


အင်္ဂလန်ရဲ့ရာသီဥတုမှာနေထိုင်နေပေမယ့် ထည်ဝါရဲ့စိတ်ကတော့အသံတိတ်စကားလုံးလေးတွေရဲ့ပိုင်ရှင်ထိုကလေးရှိတဲ့မြန်မာနိုင်ငံမှာသာကျန်နေခဲ့သည်။ အမှန်အတိုင်းပြောရရင်အခုအချိန်အထိအဲ့ဒီ့ကလေးကိုထည်ဝါတစ်ရက်မှမေ့မရသေးတာရယ်ပါ။

ရိုးသားလွန်းတဲ့မျက်လုံးအကြည့်လေးတွေ ၊ ဟန်ပန်လေးတွေ။
အိမ်း……ပြောရရင်သူကsign languageနဲ့ပြောနေပေမယ့် ထည်ဝါကတော့အသံချိုချိုလေးတွေပါကြားယောင်နေမိတာပဲ။
မင်းကဘာတွေပဲဖြစ်နေပါစေ…ကိုယ့်အတွက်တော့သာမန်လူပဲကလေး……။

"ကိစ္စတစ်ခုခုရှိလို့လား ဒေါက်တာ……"

အတွေးစတွေကိုရပ်တန့်စေလိုက်တဲ့အသံတစ်သံကြားမိမှသာလှည့်ကြည့်မိတော့ wheelchairကိုအသာတွန်းကာကိုယ့်ရုံးခန်းထဲကိုဝင်လာတဲ့ Mr. Luwis ။ တစ်နည်းအားဖြင့်ပြောရရင် ဦးမင်းရဝဏ်။
ထည်ဝါခပ်ဖွဖွသာပြုံးလိုက်ပြီး

"သိပ်ကိုအရေးကြီးတဲ့ကိစ္စရှိလို့ပေါ့ဗျာ…အေးဆေးစကားပြောကြရအောင်……"

ပြောပြောဆိုဆိုနှင့်ဆိုဖာပေါ်ဝင်ထိုင်လိုက်ပြီးမျက်နှာချင်းဆိုင်ကနေရာကိုလက်ညွှန်ပြမိတော့ ဦးမင်းရဝဏ်ရဲ့အတွင်းရေးမှူးဖြစ်သူကwheelchairကိုမျက်နှာချင်းဆိုင်သို့တွန်းလာပေးတယ်။
အိပ်ကပ်ထဲကလက်စွပ်ကိုယူပြီးဦးမင်းရဝဏ်ရှေ့ထားပေးလိုက်တော့ အံ့သြတကြီးပြန်စိုက်ကြည့်လာသည်။

"Hydrangea……"

"အမှန်ပဲပေါ့ဗျာ……"

"ဒီလက်စွပ်ကိုဒေါက်တာကဘယ်လိုလုပ်ပြီး……"

စကားတောင်အဆုံးအထိမပြောနိုင်ဘဲသိချင်စိတ်များနေပုံရသည့်ဦးမင်းရဝဏ်ကိုကြည့်ရင်းထည်ဝါအဓိပ္ပါယ်ပါပါပြုံးလိုက်မိသည်။
ကလေးရေ…ကိုယ်တို့မကြာခင်ထပ်တွေ့ကြရတော့မယ်ထင်ပါရဲ့……။


_____________________________________________


ယစ်နဲ့လျှောက်လည်ပြီးပြန်လာတော့အိမ်မပြန်သေးဘဲသားရဲ့မူကြိုကိုသာတန်းသွားလိုက်သည်။ သားကြိုချိန်တိုင်းမြတ်သဝဏ်ကိုမဟုတ်ဘဲအမြဲမှိုင်းညှို့ပဲသွားကြိုဖြစ်တယ်။ အကြောင်းကတော့သားရဲ့အဖေအဖြစ်မှိုင်းညှို့ကိုပဲသိထားစေချင်တာကြောင့်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now