EP - 21

1.7K 229 19
                                    

Unicode

မိုးပြာရောင်ဆွယ်တာလက်ရှည်နှင့်အညိုရင့်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်။ ဆေးရုံရဲ့လျှောက်လမ်းအတိုင်းလျှောက်လှမ်းလာတဲ့ထိုသူက လက်ထဲမှာတော့Aster( ကြယ်ပန်း ) ပန်းစည်းလေးကိုပွေ့ပိုက်ထားသည်။ တောက်ပလွန်းတဲ့အပြုံးတစ်ပွင့်နဲ့လေးထောင့်မကျတကျမျက်မှန်အောက်ကမျက်ဝန်းတွေကအေးချမ်းကာငေးကြည့်ချင်စရာကောင်းသလိုတည်ကြည်ရင့်ကျက်မှုတို့လည်းရောယှက်နေသေး၏။

"Hello Htal……How about today……"
( Helloထည်……ဒီနေ့ဘယ်လိုလဲ အဆင်ပြေရဲ့လား……)

"It's a very good day……Weather is so pleasant…and I'm going to see my butterfly……"
( ဒီနေ့ကနေလို့အရမ်းကောင်းတဲ့နေ့တစ်နေ့လေ……ရာသီဥတုကလည်းသာယာတယ်…ပြီးတော့ ငါ့ရဲ့လိပ်ပြာလေးကိုလည်းမြင်တွေ့ရတော့မယ်……)

[Author Note - ဒီနေရာမှာထည်ဝါကသဝဏ့်ကိုလိပ်ပြာလေးလို့သုံးနှုန်းသွားတာပါ။ ပြောချင်တာကတော့သူ့ရဲ့အချစ်ကလေးကိုပုံစံအသစ်နဲ့မြင်တွေ့ရတော့မယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ]

လှမ်းနှုတ်ဆက်တဲ့counterဝန်ထမ်းမလေးကိုအပြုံးလေးတစ်ပွင့်နှင့်ခပ်သွက်သွက်နှုတ်ဆက်ကာတစ်နေရာဆီသို့ဦးတည်ကာထွက်သွာူတဲ့ထိုအမျိုးသားလေးကိုလူတစ်ချို့ကခပ်ငေးငေး။ သို့သော်ထိုအမျိုးသားလေးရဲ့နှလုံးသားထဲမှာမြတ်နိုးရာလူသားတစ်ယောက်ရှိနေသည်ဆိုတာကိုတော့နှလုံးသားပိုင်ရှင်ကိုယ်တိုင်မှလွဲ ဘယ်သူကသိနိုင်ပါ့မလဲလေ။

_____________________________________________

ဖုန်းscreenမှာပေါ်နေတဲ့ဓါတ်ပုံကိုသာစိုက်ကြည့်ရင်းမျက်နှာပေါ်ကိုခပ်ဖွဖွထိတွေ့မိတော့နူးညံ့နေတဲ့အသားအရည်အစားပတ်တီးဖြူဖြူတွေကိုသာစမ်းမိသည်။ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ပင့်သက်ကာပြုံးလိုက်ပြီးပြုံးပျော်နေပုံရတဲ့လူသုံးယောက်ရဲ့ဓါတ်ပုံဆီတစ်ဖန်အကြည့်ရောက်မိပြန်တယ်။

ဒီအတောအတွင်းဦးမှိုင်းညှို့ရွှေဘုံနဲ့ပက်သက်သမျှကိုတစ်ခုမကျန်စုံစမ်းနေခဲ့မိတာ။ စီးပွားရေးမှာအောင်မြင်နေတဲ့လက်တွဲဖော်နှစ်ဦး ၊  လူတကာအားကျရတဲ့LGBTစုံတွဲ ၊ ပျော်စရာကောင်းလွန်းတဲ့မိသားစု။
အဟား!……ခင်ဗျားတို့ကိုအမွှန်းတင်ထားတာတွေကသိပ်များလွန်းလို့ကျုပ်တောင်မမှတ်မိချင်တော့ဘူးပဲ။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now