EP - 42

1.5K 137 31
                                    

Unicode

ထူးထက်စေရဲ့အခန်းဆီကိုပြန်လာခဲ့ပေမယ့်သဝဏ့်စိတ်ကခုနကနေရာမှာတင်တည်ရှိနေ‌ဆဲ။ အထူးသဖြင့်ဒေါက်တာပြောတဲ့ ' ကော်ဖီ ' ဆိုတဲ့ကောင်လေးရဲ့မျက်ဝန်းတွေမှာတွယ်ငြိနေမိသည်။ ဒေါက်တာ့ကိုကြည့်တဲ့အကြည့်အဓိပ္ပါယ်တစ်ခုခုပါနေပြီးနူးညံ့လွန်းနေသလို သူ့ကိုအားကျသလိုငေးကြည့်တာမျိုးကိုလည်းမကြိုက်။ မသိရင်ဒီကောင်လေးပုံစံကဒေါက်တာ့ကိုသဘောကျနေသယောင်ယောင်။

"ကောင်လေးသတိထား......"

လက်မောင်းကိုရုတ်တရက်ဖမ်းဆွဲလိုက်တဲ့အထိအတွေ့နှင့်ဒေါက်တာ့အသံခပ်ကျယ်ကျယ်ကိုကြားမှသာလူကသတိပြန်ဝင်မိတယ်။ ဟန်ချက်ပျက်သွားတဲ့ခန္ဓာကိုယ်ကနံရံနဲ့ဒေါက်တာ့ရင်ခွင်ကြားကခုံတန်းရှည်လေးတစ်ခုံမှာထိုင်ချမိလျက်သား။

"ဘာတွေတွေးနေတာလဲကလေးရယ်...ဟိုမှာကုတင်ကြီးတွန်းလာတာကိုကွာ......"

စိုးရိမ်တကြီးပြောလာတဲ့ဒေါက်တာကြောင့်ခပ်ဖွဖွသာပြုံးပြရင်းခေါင်းခါပြမိသည်။ ထူးထက်စေကိစ္စကြောင့်လို့ထင်သွားတဲ့ဒေါက်တာကသက်ပြင်းသဲ့သဲ့ချရုံမှတစ်ပါးဘာမှထပ်မပေးပေမယ့်လို့ တခြားကိစ္စကိုအတွေးရောက်နေသည်ဆိုတာကိုတော့သူကိုယ်တိုင်ပဲသိတာပင်။

အဲ့ဒီ့ ' ကော်ဖီ ' ဆိုတဲ့ကောင်လေးရဲ့အကြောင်းကိုသေချာပေါက်စုံစမ်းမှကိုဖြစ်တော့မှာပါ......။


_____________________________________________



"accidentဖြစ်တုန်းကဒဏ်ကြောင့် အာရုံကြောတွေအနည်းငယ်ထိခိုက်သွားပြီးအမြင်အာရုံမကြည်မလင်ဖြစ်တာပါ......ပြန်ကုသရင်အဆင်ပြေတာမို့ အရမ်းတော့စိုးရိမ်စရာမရှိပါဘူး......"

ကိုယ်တွေအခန်းထဲပြန်ရောက်ရောက်ချင်းမျက်လုံးကဝေဝေဝါးဝါးပဲမြင်ရတော့သည်ဟုပြောလာတဲ့ထူးထက်စေကြောင့်ထည်ဝါတခြားဆရာဝန်တောင်သွားမခေါ်နိုင်ဘဲ‌ကိုယ်တိုင်ပဲစမ်းသပ်ပေးနေရတော့ခြင်း။ မျက်လုံးကိုစမ်းသပ်ပေးပြီးလက်ကဆေးပိုက်ကိုပါလဲပေးလိုက်တော့ထူးထက်စေတစ်ယောက်လုံးဝကိုမလှုပ်မယှက်နှင့်သာထိုင်နေလေသည်။ ပုံမှန်နှင့်မတူဘဲအသိစိတ်တောင်ကပ်ပုံမရတဲ့ခပ်တွေတွေပုံစံက‌ထိခိုက်သွားတဲ့အာရုံကြောတစ်ချို့ကြောင့်စိတ်ပျက်အားငယ်နေတာတော့ဟုတ်ပုံမရ။ ထူးထက်စေဆိုတဲ့ကောင်ကတစ်ကိုယ်လုံးကအရိုးတွေကျိုးကြေသွားရင်တောင်စိတ်ဓါတ်ကျမည့်သူမျိုးမှမဟုတ်ဘဲ။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now