EP - 31

1.7K 175 26
                                    

Unicode


ဒီနေ့စိတ်ပင်ပန်းရတာကြောင့်အိမ်ရောက်တာနဲ့ကုတင်ပေါ်ခြေပစ်လက်ပစ်လှဲအိပ်လိုက်မိတယ်။  ထုံးစံအတိုင်းသူ့အိပ်မက်ထဲရောက်လာပြန်တဲ့သူက အစ်ကို……။

အိပ်မက်ထဲမှာအစ်ကိုကHydrangeaပန်းတစ်ပွင့်ကိုသဝဏ့်ဆီကမ်းပေးရင်းသူ့ကိုပြန်ချစ်ဖို့ပြောပြန်တယ်။ ဒါပေမယ့်ထူးဆန်းတာတစ်ခုကကျွန်တော့်ဘက်ကဘာစကားမှပြန်မပြောနိုင်ခဲ့ဘူး။  တစ်ချိန်ကလိုကျွန်တော်ကအသံမထွက်လူတစ်ယောက်ပြန်ဖြစ်နေခဲ့တာ။ ပြီးတော့နောက်ထပ်ခံစားရတာကအသက်ရှူရခက်လောက်အောင်အထိနှလုံးသားကမွမ်းကြပ်ပြီးနာကျင်နေတာမျိုး။

"ဟူး……"

အိပ်မက်ကနေနိုးလာသည်နှင့်တစ်ပြိုင်နက်လေပူတစ်ချက်သာမှုတ်ထုတ်မိသည်။ မွမ်းကြပ်နေတဲ့ရင်ဘတ်တစ်စုံကလည်းအခုမှပြေလျော့သွားသလိုလို။ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းကာကုတင်ပေါ်တွင်လှဲနေရာကထထိုင်ဖို့ပြင်မိတော့ခါးပေါ်ကတင်းကြပ်ကြပ်အထိအတွေ့နှင့်ခပ်ဖြူဖြူလက်လေးတစ်ဖက်။ ပြုံးကာဘေးကိုကြည့်မိတော့ထုံးစံအတိုင်းတရားခံကကျွန်တော့်ဒေါက်တာလေးရယ်ပါ။

"ကျွန်တော်နဲ့လာအိပ်ပြန်ပြီလားဒေါက်တာ……"

ခါးပေါ်ကလက်ဖြူဖြူလေးကိုခပ်ဖွဖွပြန်ဆုပ်ကိုင်ကာမျက်နှာချင်းဆိုင်ဖြစ်အောင်ကိုယ်ကိုဘေးတစောင်းလှည့်လိုက်တော့ညအိပ်မီးရောင်မှိန်မှိန်အောက်မှာဒေါက်တာ့ရဲ့ခန့်ညားတဲ့မျက်နှာလေးကထင်းလို့။

"ခင်ဗျားကချောလိုက်တာဒေါက်တာရယ်……"

ခပ်တိုးတိုးရေရွတ်သံကလေထုနဲ့အတူပျောက်ကွယ်သွားပေမယ့်လို့သဝဏ်ကတော့အိပ်ပျော်နေသည့်ဒေါက်တာလေးကိုမျက်တောင်မခတ်စတမ်းသာငေးကြည့်နေမိသည်။ ညတိုင်းသူမသိလောက်ဘူးထင်ပြီးလာလာအိပ်တတ်တဲ့ဒေါက်တာ။ သူမသိလောက်ဘူးထင်ပြီးအနမ်းတွေကိုခိုးယူနေပြန်တဲ့ဒေါက်တာ။
ကျွန်တော့်ကိုအဲ့ဒီ့လောက်အထိချစ်ရလားဒေါက်တာရယ်……။

"ခင်ဗျားနဲ့ကျွန်တော်ကမတန်ဘူးဒေါက်တာရဲ့……"

နှဖူးပေါ်ခပ်ပြေပြေလေးကျဆင်းနေတဲ့ဆံစလေးတွေကိုသပ်တင်ပေးရင်းသူခပ်ဖွဖွပြုံးမိသည်။ အမြဲလိုလိုမျက်မှန်ကာရံထားတဲ့မျက်ဝန်းတွေကိုသာမြင်ခွင့်ရခဲ့တာမို့မျက်ခွံကြည်ကြည်လေးကဒီလောက်အထိလှပနေမှန်းတကယ်မသိခဲ့ရိုးအမှန်ပါ။ အခုတော့ပန်းနုရောင်နှုတ်ခမ်းလေးနဲ့ယောက်ျားဆန်ဆန်ချောမောတဲ့ကျွန်တော့်ဒေါက်တာလေးကိုအိပ်နေတုန်းအဝငေးကြည့်ထားရပေအုံးမည်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now