EP - 27

1.7K 170 12
                                    

Unicode

"Hello......"

ရုတ်တရက်ကြားလိုက်ရတဲ့ခပ်သြသြအသံလေးမှာလင်းလက်ကြက်သေသေနေမိသည်။ တစ်ခါမှဖုန်းမဆက်ဖူးသလို ၊ ကိုယ့်ဘက်ကစကားစပြောတာလည်းမရှိခဲ့တာမို့ဘာစပြောလို့ပြောရမှန်းလည်းမသိ။

"ကိုကို......"

ဒုတိယအကြိမ်မြောက်စကားသံကလင်းလက်တစ်ကိုယ်လုံးကိုတောင့်တင်းသွားစေပြန်သည်။ ' ဖုန်းထဲကနေပဲဖောက်ထွင်းမြင်နေသလား ' ဆိုပြီးဖုန်းကိုပြန်ကြည့်ရတာလည်းအခါခါပင်။
တကယ်ဆိုထူးထက်စေကိုသူ့ဖုန်းနံပါတ်မပေးခဲ့ဖူးပါဘူး။
ဒါကိုဒီကောင်ကဘယ်လိုလုပ်ပြီး......။

"ကိုကို့ဖုန်းနံပါတ်ကရဖို့လွယ်ပါတယ်......အဲ့ဒါကြောင့်အကြာကြီးစဉ်းစားမနေနဲ့တော့......"

ဟော......ပြောပြန်ပြီ။
ဒီကောင်ဘယ်လိုလုပ်ပြီးလင်းလက်တွေးသမျှကိုသိနေရတာပါလိမ့်။ နေစမ်းပါအုံး ထူးထက်စေ......မင်းအကြားအမြင်များရနေတာလား။

လင်းလက်တစ်ယောက်မျက်နှာကြီးစူပုတ်ကာတွေးနေမိတုန်းရှိသေး ၊ ကြားလိုက်ရတဲ့ရယ်သံကြောင့်လူကလန့်ပင်သွားရသည်။
' ဘာဖြစ်လို့လာရယ်နေတာလဲ ' ဟုပြန်ရန်တွေ့လိုက်ချင်ပါသော်ငြား တစ်ဖက်ကလည်းသူဘာပြောမလဲဆိုတာလေးကိုပဲနားစွင့်နေမိပြန်တယ်။

"ကိုကိုကတော့လေ......ကျွန်တော်ကအကြားအမြင်ရစရာလား...အိမ်း အကြားအမြင်ရတယ်ဆိုရင်လည်း......ကိုကိုပေါက်စလေးတစ်ယောက်တည်းကိုပဲအကြားအမြင်ရနေတာနေမှာ......"

ထပ်ပြောလာတဲ့စကားကြောင့်လင်းလက်လန့်ဖျန့်ကာဖုန်းချလိုက်မိသည်။ ဖုန်းမှာများတစ်ခုခုရှိနေမလားဆိုတဲ့အတွေးကဝင်လာပြန်တာကြောင့်ဖုန်းကိုပါခေါင်းအုံးအောက်ထဲဖိထားပစ်လိုက်တယ်။
ဒီကောင်ဘာဖြစ်လို့အဲ့ဒီ့လောက်အထိသိနေရတာလဲ......သေချာတယ် ထူးထက်စေကလူမဟုတ်လောက်ဘူး......။

_____________________________________________

အဆက်အသွယ်ပြတ်တောက်သွားတဲ့ဖုန်းကိုကြည့်ရင်း ထူးထက်စေတစ်ယောက်သဘောတကျပြုံးလိုက်မိသည်။ ဖုန်းခေါ်ပြီးဘာစကားမှပြောမလာကတည်းကကိုကိုဖြစ်လောက်မည်ဟုစိတ်ထဲထင်တာကြောင့်ခေါ်နေကျနာမ်စားလေးကိုခေါ်လိုက်မိခြင်း။ ဆက်ပြီးတိတ်ဆိတ်နေပုံအရစိတ်ထင်တာနဲ့ပဲခန့်မှန်းမိသလောက်ပြောသလောက်ပြောလိုက်တော့တစ်ဖက်ကကိုကိုဒေါက်တာလေးကလန့်သွားတယ်ထင်ပါရဲ့။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now