EP - 43

1.5K 158 23
                                    

Unicode

' ဗွမ်း '

ဘေးကရေပုံးထဲကရေတစ်ခွက်ခပ်ကာရှေ့ကထိုင်ခုံမှာလက်ပြန်ကြိုးတုတ်ကာအချည်ခံထားရတဲ့သူဆီလှမ်းပတ်လိုက်တော့သတိရလာတဲ့ထိုသူ။ ရိုက်နှက်ခံထားရတာမို့ဖြူနေတဲ့အသားအရည်ပေါ်မှာသွေးစတွေကညစ်ထေးလို့မြင်မကောင်းအောင်တည်ရှိနေပေမယ့်သဝဏ့်အတွက်တော့ဒါကသိပ်ကိုကြည့်ကောင်းလှသည်။

"နိုးလာပြီလား...ကို ခက် ထန် ယစ်......"

နာမည်ကိုတစ်လုံးချင်းဖိခေါ်လိုက်တော့မျက်လုံးကိုမနည်းအားယူကာဖွင့်ကြည့်လာသည်။ အသက်တောင်မနည်းရှူနေရပုံရတဲ့ဒီလူကအခုထိဝဋ်လည်နေမှန်းသတိမထားမိသေးပုံ။ ဘာမှမသိတဲ့သူကိုဒီလိုမျိုးနှိပ်စက်နေရတာသိပ်တော့မကောင်းပေမယ့်ကျွန်တော့်အလှည့်တုန်းကအပြစ်မရှိခဲ့တဲ့အခြေအနေကိုတောင်ဒီ့ထက်ဆိုးဆိုးရွားရွားခံစားခဲ့ရတာပဲမဟုတ်လား။

"ခင်ဗျား သိပ်နာကျင်နေရတယ်မဟုတ်လား......"

"ဘာလို့လဲ...ဘာအတွက်ကြောင့် ဒီလိုလုပ်ရတာလဲ......"

တိုးဖွဖွထွက်ပေါ်လာတဲ့စကားအဆုံးသဝဏ်တဟားဟားအော်ရယ်မိသည်။ ဒီလိုစကားမျိုးသူမေးခဲ့ဖူးတယ်။ မဟုတ်သေးဘူး...မေးချင်ခဲ့ဖူးတယ်။ ဘာအပြစ်များလုပ်မိလို့ဒီလောက်အထိရက်ရက်စက်စက်ရိုက်နှက်နေခဲ့ရတာလဲလို့အော်ဟစ်မေးချင်ခဲ့ဖူးတာ။

"ခင်ဗျားအလှည့်ကျတော့သိပ်ကိုနာတတ်နေတာလား ဟမ်......အခုကျုပ်ကခင်ဗျားရဲ့ခြေတွေလက်တွေကိုလည်းရိုက်မချိုးရသေးပါဘူး...ပထမအဆင့်ပဲရှိသေးတာတောင်ခင်ဗျားကဒီလောက်အထိနာတတ်နေတယ်ပေါ့လေ......"

"မင်းနဲ့ငါဘာရန်ငြှိုးမှမရှိခဲ့ဘူးထင်တယ်ရဏသဝဏ်......"

နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာသည့်အမေးစကားကြောင့်ခက်ထန်ယစ်ရဲ့ပါးတစ်ဖက်ကိုဖြောင်းခနဲမြည်အောင်ရိုက်ချပစ်လိုက်သည်။ ထို့နောက်ပါးနှစ်ဖက်ကိုလက်တစ်ဖက်နှင့်ညှစ်ကိုင်ကာမျက်နှာချင်းဆိုင်စေလိုက်ရင်း

"ဒါဆို...ခင်ဗျားကျုပ်ကိုဒီလိုအခြေအနေဖြစ်အောင်ဖန်တီးခဲ့တုန်းကရော ကျုပ်တို့ကြားမှာဘာရန်ငြှိုးရှိခဲ့လို့လဲ!!......"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now