EP - 13

2.1K 211 37
                                    

Unicode



"မှိုင်း…ကိုယ့်ကိုတစ်ခုလောက်ကူညီပါလား……"

ရှယ်ယာရှင်စာရင်းတွေလုပ်နေရင်းကနေလှမ်းပြောတဲ့ယစ်ကခေါင်းပင်မော့မလာသေး။ အင်းလေ…ခဏနေရင်ပဲအစည်းအဝေးရှိတယ်ဆိုတော့ယစ်အလုပ်ရှုပ်နေရှာမှာပေါ့။

"ကိုယ့်ကိုလေ ဒီစာရင်းလေးတစ်ချက်လောက်ကြည့်ပေးပါလား……ကိုယ်တို့ပြီးသွားမှပဲရုံးအတူတူဆင်းကြမယ်လေ……"

"ကိုတတ်ပါ့……"

မှိုင်းညှို့ခပ်တိုးတိုးဆိုကာဖိုင်ကိုလှမ်းယူလိုက်ပြီးယစ်ကိုကူပေးနေလိုက်သည်။ နာရီကိုတစ်ချက်မော့ကြည့်မိတော့ သားကိုကြိုရမယ့်အချိန်တောင်နီးနေလေပေမယ့် ခပ်မြန်မြန်လုပ်ပြီးမှပဲယစ်နဲ့အတူသွားကြတာပေါ့။
ယစ်ပါလာကြိုရင်…သားလေးပိုပျော်သွားရှာမှာပါ……။


_____________________________________________


လေဆိပ်ရောက်တာနဲ့ကောင်လေးကိုတစ်ချက်တစ်ချက်မသိမသာကြည့်လိုက် ၊ သိသိသာသာကြည့်လိုက်နဲ့ငေးနေကြတဲ့လူတွေကြောင့်ထည်ဝါ့မျက်နှာ့မှာအလိုမကျမှုတွေကအထင်းသားဖြစ်လာလေပြီ။ အမှန်အတိုင်းပြောရရင်ကောင်လေးရဲ့ပုံစံကငေးချင်စရာဖြစ်နေမှန်းသိပေမယ့်လို့ ထည်ဝါတစ်ယောက်တည်းပဲဒီကလေးကိုငေးချင်တာရယ်။
ဒါကိုသဝန်တိုတယ်လို့ဆိုလည်း…အင်း ဟုတ်တယ် တိုတယ်ပေါ့……။

"ဒေါက်တာ……ဒေါက်တာရေ!……"

သဝဏ်အနားကပ်ကာခပ်ကျယ်ကျယ်အော်ခေါ်လိုက်မှသာအသိဝင်လာပုံရတဲ့ဒေါက်တာစဝ်ထည်ဝါ။ လူကြည့်တော့အင်္ဂလန်ရဲ့အတော်ဆုံးဆရာဝန်တွေထဲကတစ်ယောက်တဲ့။ ကျွန်တော်တွေ့သမျှတော့ငေးလိုက် ငိုင်လိုက် ရန်ဖြစ်လိုက် လူကိုဆူလိုက်နဲ့ ဆရာဝန်နဲ့တော့မတူဘူး။ ကိုရိးယားကားတွေထဲကအဒေါ်ကြီးတွေနဲ့ပဲတူတယ်။

"ကားသော့ပေးလေ……မြန်မာနိုင်ငံရောက်ရင် ကျွန်တော့်ကိုပြိုင်ကားတစ်စီးဝယ်ပေးမယ်လို့ပြောထားတာမေ့သွားပြီလား……"

ကိုယ့်ကိုအသည်းအသန်ခေါ်နေလို့ဘာများပြောမလဲဆိုပြီးထည်ဝါ့မှာတော့အာရုံတစိုက်နားထောင်ရတာ။ အခုတော့လက်ဆောင်ကိုအကြွေးတောင်းသလိုလာတောင်းနေတဲ့အဖြစ်နဲ့လာတိုးနေတယ်။
သိန်းရာကျော်တန်ပြိုင်ကားလေးတစ်စီးကိုများ…သူ့လက်မှာဝတ်ထားတဲ့သိန်းထောင်နဲ့ချီတန်တဲ့လက်စွပ်ကိုမှအားမနာတောင်းရဲသေးသည်။
အဲ့ဒါပါပဲ……ချမ်းသာတဲ့လူတွေကပိုကပ်စေးနှဲပါတယ်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now