EP - 25

1.9K 205 29
                                    

Unicode

"အပြင်သွားစရာရှိတယ်……ခင်ဗျားလိုက်ခဲ့……"

အခန်းကိုသန့်ရှင်းရေးလုပ်ပေးနေတုန်းရှိသေးသူအပြင်သွားဖို့ကိုလိုက်ခဲ့ခိုင်းနေပြန်တဲ့ရဏသဝဏ်ကြောင့်မှိုင်းညှို့အတော်လေးစိတ်အချဉ်ပေါက်သွားရသည်။ ဘယ့်နှယ့်သူ့ဆီမှာအလုပ်ပြန်ဝင်တာတစ်ပတ်ပဲရှိသေးတယ် ၊ အရင်ကcompanyရဲ့ရာထူးရာခံရှိတဲ့လူဆိုတဲ့မျက်နှာမှမထောက် အောက်ခြေသိမ်းကအစအကုန်ကိုခိုင်းနေတော့တာ။ ပြီးရင်လည်းအလုပ်တွေကိုဘယ်ကဘယ်လိုရှာထားသလဲမသိ ၊ ထောင့်ကိုစေ့နေတာပဲ။

"သွားမယ်……ချိန်းတဲ့ကိစ္စနောက်ကျသွားရင်ခင်ဗျားပြန်အလျော်ပေးနိုင်မှာမို့လို့လား……"

"လိုက်ခဲ့မှာပေါ့ သွားနှင့်လေ……"

ဘုဆတ်ဆတ်လေသံနဲ့ပြန်ပြောမိတော့ တစ်ချက်သာပြန်စိုက်ကြည့်လာပြီးလှည့်ထွက်သွားသည်။ ခပ်ဝဲဝဲလှုပ်ခတ်သွားသည့်မီးခိုးရင့်ရောင်ဆံပင်တွေကမိမိုက်နေပေမယ့်လို့ ပိုင်ရှင်ကြောင့်ထင်ပါရဲ့ကြည့်လို့ကိုမရဘူး။

လက်ထဲကကြက်မွှေးကိုဖြစ်သလိုပစ်ချထားခဲ့လိုက်ပြီး companyထဲကထွက်ခဲ့လိုက်တော့ကားပါကင်မှာအဆင်သင့်စောင့်နေတဲ့ပြိုင်ကားအပြာလေး။ ကားပေါ်အမြန်ဝင်ထိုင်ပြီးမှသတိရသည် ၊ မှိုင်းညှို့ဖုန်းယူဖို့မေ့ခဲ့တာပဲ။
ဟူး……အဲ့ဒါရဏသဝဏ်ကြောင့်…အလုပ်လုပ်ရင်ဘယ်တော့မဆိုအလောသုံးဆယ်နဲ့ ကြိုတင်ပြင်ဆင်မှုကိုမရှိဘူး……။

_____________________________________________

"ကိုကို……"

"ခွပ်!……"

လင်းလက်တစ်ယောက် လူနာတွေရဲ့ဆေးမှတ်တမ်းကိုစစ်ဆေးနေတုန်းရုတ်တရက်အနားကပ်ပြီးခေါ်လိုက်တဲ့အသံတစ်သံကြားလိုက်ရတာကြောင့်လန့်ဖြန့်ကာလက်သီးဖြင့်ထိုးလိုက်မိခြင်း။ ထိုးလိုက်မိပြီးမှသေချာကြည့်မိတယ် ၊  မျက်နှာကြီးရှုံ့မဲ့ကာရပ်နေတဲ့သူကတခြားသူမဟုတ်ဘဲထူးထက်စေ……။

"ကိုကိုကျွန်တော့်ကိုအဲ့ဒီ့လောက်တောင်မုန်းတာလားဟင်…ကျွန်တော့်အသံကြားရုံနဲ့အဲ့ဒီ့လောက်တောင်ဒေါသထွက်တာလား……"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now