EP - 22

1.8K 214 47
                                    

Unicode


"ဖေဖေ……"

"ဗျ……"

သားကိုထမင်းခူးကျွေးဖို့ပြင်နေတုန်းအနားရောက်လာတဲ့သားကြောင့် ပြုံးကာအလိုက်သင့်ပြန်ထူးမိပေမယ့်သားဆီကိုတော့အကြည့်မရောက်မိသေး။ မှိုင်းညှို့အနားကိုတိုးကပ်လာတဲ့သားက မဝံ့မရဲလေးမို့သားကိုတစ်ချက်ကြည့်ကာမေးအသာဆတ်ပြမိတော့ သားကခေါင်းငုံ့ထားဆဲ။

"ဘာဖြစ်လို့လဲသား……"

"ဟို…ဟိုလေ……"

ထစ်ငေါ့ထစ်ကေါ့လေးနှင့်မျက်နှာငယ်လေးလုပ်ကာငေးကြည့်နေတဲ့သားကိုစိတ်ပူမိပေမယ့်လို့ ဘာဆိုတာတကယ်ပဲခန့်မှန်းလို့မရတာတော့အမှန်။
ဟူး……ဒီအချိန်မှာမြတ်သဝဏ်သာရှိနေရင်သေချာပေါက်သိမှာပဲ……။

မြတ်သဝဏ်ကငယ်ငယ်ကတည်းကသားကိုအရိပ်တကြည့်ကြည့်နေလာခဲ့တဲ့သူမဟုတ်လား။ သားမျက်နှာမကောင်းရင်သူကပဲအရင်သိပြီးမှိုင်းညှို့ကိုလာလာပြောနေကျ။ ပြီးတော့ဖအေအရင်းဖြစ်တဲ့မှိုင်းညှို့ထက်တောင်သူကသားရဲ့စိတ်ကိုပိုခန့်မှန်းတတ်သေးတာမျိုး။

"သား…သားသားဒယ်ဒီ့အကြောင်းမေးချင်လို့……"

စကားဆုံးသည်နှင့်ခေါင်းလေးငုံ့သွားပြန်တဲ့သားကသူ့ကိုဆူမှာကြောက်နေသည့်ပုံပင်။ ဟုတ်တော့လည်းဟုတ်ပါရဲ့……ဒီပတောအတွင်းမြတ်သဝဏ်အကြောင်းပြောမိတိုင်းသားကိုဆူခဲ့မိသည်ပဲ……။

"မေးလေသားသားရဲ့……"

သားရဲ့ဆံပင်လေးတွေကိုခပ်ဖွဖွဖိသပ်ပေးရင်းပြောလိုက်မိတော့သားကအံ့သြသလိုငေးကြည့်လာတယ်။

"သားသားလေ ဒီနေ့ဒယ်ဒီနဲ့တူတဲ့ကိုကို့ကိုတွေ့ခဲ့တယ်……"

"ဟော……ဒါဆိုဦးဦးကိုတွေ့ခဲ့တာလား…ဘယ်မှာတွေ့ခဲ့တာလဲသားရဲ့……"

"ဟုတ်ဘူး……သားသားပြောတာက ဟိုလိုမျိုးတူတာမဟုတ်ဘူး…ဒယ်ဒီဂရုစိုက်ပေးတာမျိုးနဲ့တူတယ်ပြောတာ……"

မှိုင်းညှို့မှာတော့သားရဲ့စကားသံကိုကြားတစ်ချက်မကြားတစ်ချက်။ လက်ထဲကဖုန်းကိုသာတွေတွေလေးငေးရင်း စိတ်အာရုံတွေကလည်းပျံ့နှံ့နေမိတယ်။
ဖုန်းscreenမှာပေါ်နေတဲ့messageတစ်ကြောင်းကဒီလောက်အထိစိတ်ဒုက္ခရောက်စေမှန်းမသိခဲ့တာအမှန်ပါ။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now