EP - 18

1.9K 206 17
                                    

Unicode


"အဟက်!……"

companyကနေထွက်လာကတည်းကနောက်ကလိုက်လာတဲ့ကားတစ်စီးကြောင့်သဝဏဟက်ခနဲရယ်မိသည်။
နောက်ယောင်ခံလိုက်ရင်လည်းမသိမသာလိုက်ပါလားကွာ……အခုကပေါ်တင်ကြီးလိုက်နေတယ်။

လူရှင်းသည့်နေရာကိုမောင်းချလာလိုက်ပြီးမှကားကိုဆောင့်ရပ်လိုက်တော့အနောက်ကလိုက်လာတဲ့ကားကလည်းတုန့်ခနဲရပ်သွားတယ်။ ခပ်ပြင်းပြင်းအရှိန်နဲ့မောင်းလာပြီးမှဆောင့်ရပ်ချလိုက်တာကြောင့်ဟိုလူကလည်းကားကိုမနည်းလိုက်အရှိန်သတ်လိုက်ရပုံရသည် ၊ ဘရိတ်သံကလည်း ' ကျွီ '  ခနဲပင်။ နဂိုကတည်းကထွက်နေတဲ့ဒေါသကြောင့် အခုလိုကြုံလိုက်ရတော့လူကစိတ်မတိုဘဲမနေနိုင်တော့။ ကားပေါ်ကနေခပ်မြန်မြန်ဆင်းပြီးအနောက်ကကားဆီကိုခပ်မြန်မြန်လျှောက်သွားလိုက်သည်။

"လာခဲ့စမ်း!……ငါ့နောက်ကိုဘာဖြစ်လို့လျှောက်လိုက်နေရတာလဲ……"

ပြောဆိုရင်းကားတံခါးကိုဆွဲဖွင့်လိုက်တော့တွေ့လိုက်ရတဲ့လူကြောင့်သဝဏ့်မှာကြောင်ကြောင်အအ။

"ဒေါက်တာ……"

"ဟီး……"

သွားလေးဖြီးပြကာကားပေါ်ကဆင်းလာတာကြောင့်လူကကိုယ့်နှဖူးကိုယ်သာပြန်ရိုက်မိတဲ့အဖြစ်။
ဘယ့်နှယ်ပေါ်ပေါ်တင်တင်လိုက်လာလည်းရတာကို…ဘာကိစ္စနဲ့ခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲဒေါက်တာရယ်……။

"ဟို…ဟိုလေ ကိုယ်ကကောင်လေးမလိုက်လာစေချင်ဘူးထင်တာနဲ့လေ……စိတ်ရှုပ်မှာစိုးလို့ ဟို……တိတ်တိတ်လေးလိုက်လာတာ……"

မရဲတရဲလေးကြည့်ကာပြောနေတဲ့ဒေါက်တာကိုအသည်းယားလာတာကြောင့်အနားတိုးကပ်သွားလိုက်တော့အတင်းကိုအနောက်ဆုတ်သွားသည်။ နောက်ဆုံးကားနဲ့ကျောပြင်ကပ်သွားမှသာရပ်သွားတဲ့ဒေါက်တာကမျက်နှာတွေပါနီလာတာမို့တမင်ပိုတိုးကပ်ကာစူးစိုက်ကြည့်နေပေးလိုက်တော့ခပ်ဟဟပွင့်ဟလာတဲ့နှုတ်ခမ်းလေး။

"ကျွန်တော်ကလိုက်မလာစေချင်ဘူးလို့ဘယ်သူပြောလဲ……"

"ဟင်…မပြောပါဘူး……"

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now