EP - 12

2.2K 225 49
                                    


Unicode

အင်္ဂလန်နိုင်ငံရဲ့နွေဦးကုန်ခါနီးဖြစ်တဲ့Mayလ။
တဖြည်းဖြည်းနဲ့ပူပြင်းစပြုလာတဲ့ရာသီဥတုအလျောက်ထိုလူငယ်လေးကshirtအင်္ကျီအဖြူခပ်ပါးပါးသာဝတ်ထားလေသည်။ coffeeဆိုင်တွေတန်းစီနေတဲ့လမ်းတစ်လျှောက်တွင်  နွေဦးရဲ့အငွေ့အသက်ကျူးလစ်ပန်းရနံ့တို့ကမွှေးပျံ့နေလေသေး၏။ ပြာလဲ့လဲ့ကောင်းကင်ကြီးအောက်မှာသွားလာနေကြတဲ့သူတွေအများကြီးရှိနေလေပေမယ့် လေပြေတစ်ချို့ကြောင့်ခပ်လွင့်လွင့်ဖြစ်နေတဲ့အင်္ကျီအောက်ကsix packထင်းထင်းနဲ့ထိုလူငယ်ရဲ့ပုံစံကသာမိန်းကလေးတိုင်းကိုညှို့ယူဖမ်းစားနေလေသယောင်။ တခြားသူတွေလိုဖုထစ်နေတဲ့ကြွက်သားတွေနဲ့မဟုတ်ပေမယ့်လို့ အကြောစိမ်းတွေယှက်သန်းပြီးသာမန်ကြွက်သားအနည်းငယ်သာရှိတဲ့လက်တစ်စုံကလည်းသူနဲ့မှတစ်မျိုးဆွဲဆောင်မှုရှိနေပြန်လေတယ်။

တစ်ခဏလေးအတွင်းမှာတင်အကြည့်တော်တော်များများကိုသိမ်းပိုင်သွားနိုင်တဲ့သူကကော်ဖီဆိုင်တော်တော်များများကိုကျော်လာခဲ့ပြီး ကျူးလစ်ပန်းနဲ့စာအုပ်တွေအများအပြားရှိတဲ့ခပ်သေးသေးကော်ဖီဆိုင်လေးမှာဝင်ထိုင်သည်။

"Black coffee?……"

အကြောင်းသိနေပုံရတဲ့waiterလေးကလှမ်းမေးလာတော့ ခပ်ဟဟပြုံးလိုက်တဲ့နှုတ်ခမ်းပါးတွေနဲ့အတူပါးချိုင့်လေးနှစ်ဖက်ကလည်းလှစ်ခနဲ။

"sure……"

ခပ်သြသြအသံလေးကြောင့်အနီးအနားရှိစားပွဲဝိုင်းကမိန်းကလေးတွေရဲ့အကြည့်ကထိုလူငယ်လေးဆီရောက်လာကြပေမယ့်လို့သူကတော့သူ့ရဲ့ဂုတ်အထိဝဲကျနေတဲ့မီးခိုးရင့်ရောက်ဆံနွယ်တွေကိုမသေမသပ်စည်းနှောင်ရင်းသာအလုပ်ရှုပ်နေပြန်လေသည်။
နှဖူးပေါ်ခပ်ဖွဖွကျဆင်းနေတဲ့ဆံပင်တစ်ချို့ကိုသပ်တင်လိုက်ပြီး ထိုင်နေရာမှထကာစာအုပ်စင်ဘက်ကိုဦးတည်လိုက်တဲ့ခြေလှမ်းတွေကြားမိန်းကလေးတွေရဲ့နှလုံးသားကလည်းကြွေဆင်းလို့။

စာအုပ်တစ်အုပ်ကိုရွေးယူကာအာရုံတစိုက်ဖတ်နေတဲ့အကြည့်တွေ ၊ ထင်းနေတဲ့V shapeပုံမေးရိုးနဲ့နှာတံဆင်းဆင်း ၊ ပါးလျတဲ့ပန်းနုရောင်နှုတ်ခမ်းတွေနဲ့အသက်25အရွယ်ထိုအမျိုးသားကိုနွေဦးရဲ့နတ်သားတစ်ပါးလို့ပင်သတ်မှတ်နိုင်ပါ၏။

Second life ( အချို့သောချစ်ခြင်းတို့သည် )Où les histoires vivent. Découvrez maintenant