EP - 36

1.6K 167 25
                                    


Unicode


"ဒေါက်တာ……သားနေမကောင်းလို့ကျွန်တော်သွားမှဖြစ်မယ်……အဲ့ဒါဒေါက်တာ့ဆီကနေ……"

သဝဏ်ဆက်ပြောဖို့ရည်ရွယ်ထားပေမယ့်စကားလုံးတွေကဘယ်လိုမှကိုထွက်မလာတော့။ အကယ်၍ဦးမှိုင်းညှို့ရွှေဘုံနဲ့တွေ့ခဲ့ရင်ဆိုတာမျိုးကိုဒေါက်တာကကြည်ဖြူပါ့မလား။

"ဘာမှမဖြစ်ဘူးကလေး……"

"ဗျာ……"

တစ်ဖက်ကပြန်ပြောလာတဲ့အသံလေးကြောင့်သဝဏ့်မှာအတော်လေးကြောင်အသွားမိတာတော့အမှန်။ ဖုန်းထဲကဆိုပေမယ့်လည်းဒေါက်တာ့မျက်နှာလေးကအရင်လိုကြည်လင်နေမယ်ဆိုတာသဝဏ်မြင်ယောင်နေမိပါရဲ့။

"ကိုယ်ကောင်လေးကိုယုံတယ်……ပြီးတော့ ကောင်လေးဘာပဲရွေးချယ်ပါစေ ကိုယ်လက်ခံတာမို့……"

' ယုံတယ် '  ဆိုတဲ့စကားလေးမှာတင်သဝဏ်ပြုံးမိပါ၏။ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ချစ်သူကကိုယ့်ကိုယုံကြည်တယ်ဆိုတဲ့ခံစားချက်ကဘယ်လောက်တောင်တန်ဖိုးရှိလိုက်သလဲ။
စိတ်ချပါဒေါက်တာ……ကျွန်တော့်မှာလည်းသားနဲ့ပက်သက်တဲ့ခံစားချက်ကလွဲပြီးဘာမှမကျန်တော့ပါဘူး။

"ကားကိုဂရုစိုက်မောင်းနော်ကိုကို့ကလေးလေး……"

"အိမ်မှာကောင်းကောင်းနေပြီးကျွန်တော်ပြန်အလာကိုစောင့်နေနော်……ကျွန်တော့်ဒေါက်တာလေး……"

ဒေါက်တာ့ဆီကခွင့်ပြုချက်တောင်းပြီးပြီမို့သဝဏ်ကားကိုအရှိန်တင်ကာသားဆီသို့ဦးတည်လိုက်သည်။ အရင်ကတည်းကသားအတွက်ဆေးတွေကိုယ်တိုင်ဝယ်ပေးခဲ့ရတာမို့လိုအပ်တဲ့ဆေးတွေကိုပါကြိုဝယ်လာခဲ့လိုက်သည်။
သို့သော်သဝဏ်မသိလိုက်သည်ကတစ်ဖက်ကဒေါက်တာလေးကလည်းသူ့စကားကြောင့်ကြည်နူးစွာပြုံးနေမိပါသတဲ့။


_____________________________________________


' Ting…Taung……'

တံခါးဘဲလ်သံကြောင့်သားဘေးမှာထိုင်နေရင်းကနေထကာမှိုင်းညှို့အိမ်ရှေ့ကိုခပ်မြန်မြန်သွားမိသည်။ အခုန်မြန်နေသည့်နှလုံးသားကြောင့်အသက်ဝဝတစ်ချက်ရှူသွင်းပြီးမှတံခါးကိုဖွင့်ပေးလိုက်မိတော့မြင်လိုက်ရတဲ့ခပ်စူးစူးအကြည့်တွေ။ အရင်နဲ့မတူအောင်လုံးဝပြောင်းလဲသွားတဲ့မြတ်သဝဏ်က အခုလည်းပြောင်းလဲစွာနဲ့အရင်လိုမျိုးသူ့ကိုပြုံးပြမလာပါဘူး။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now