EP - 40

1.4K 147 17
                                    

Unicode


"ကို..ကိုကို့ရှေ့မှာမို့...တော်သေးတာပေါ့......မဟုတ်ရင်...ကျွန်..ကျွန်တော်ကကိုကို့စကားနားမထောင်ဘူးလို့ထင်...ထင်နေပါအုံးမယ်......"


ပြောရင်းနှင့်ပင်မျက်နှာဆီလက်လှမ်းလာတဲ့ထူးထက်စေကြောင့်လင်းလက်ကြောင်အမ်းအမ်းဖြင့်သာငေးကြည့်နေမိသည်။ သွေးစတစ်ချို့ကပ်ငြိနေတဲ့လက်ချောင်းရှည်တွေကပါးပြင်ပေါ်ခပ်ဖြေးဖြေးလာထိသည့်အခါအေးစက်မှုနဲ့အတူနွေးထွေးသည့်ခံစားချက်ကိုပါရလိုက်တယ်။


ဟင့်အင်း...ငါမင်းကို အဲ့ဒီ့လိုရည်ရွယ်ခဲ့တာမဟုတ်ဘူး။ ငါမင်းကိုဒီလိုမဖြစ်စေချင်ပါဘူး။ မဟုတ်ဘူး......ငါ‌ဆိုလိုချင်တာကဒီလိုဖြစ်သွားစေဖို့မဟုတ်ဘူး။


"ချစ်တယ်......"


အမှန်အတိုင်းပြောရရင်ကျွန်တော်ဒီ့ထက်ပိုတဲ့စကားတွေကိုပြောချင်တာကိုကို။ ဒါပေမယ့်ကျွန်တော်အခုအားမရှိတော့သလိုပဲ။ အသံကလည်းထွက်မလာတော့ဘူး။ ကျွန်တော်မျက်လုံးတွေလည်းပြာနေပြီ။ ဘယ်လိုလုပ်ရမလဲကိုကိုရယ်...ဒီကောင်ကနောင်သံသရာအဆက်ဆက်အထိကိုကို့ပုံရိပ်လေးကိုသိမ်းဆည်းသွားချင်မိတာကိုမှဗျာ......။


စကားဆုံးသည်နှင့်‌ဘေးကိုပစ်စလတ်ခတ်ကျသွားတဲ့လက်တစ်ဖက်ကြောင့်လူကလောကကြီးတစ်ခုလုံးပင်ချာချာလည်သွားရ၏။ ရင်ခွင်ထဲကကောင်လေးကိုကြည့်မိတော့မျက်စိစုံမှိတ်ကာငြိမ်သက်နေတာကတကယ့်ကိုမယုံနိုင်စရာပါ။
အမြဲတမ်းကပ်တွယ်နေတဲ့ချာတိတ်ကလေ...အမြဲတမ်းအကြောင်းအမျိုးမျိုးနဲ့အနားမှာရှိနေခဲ့တဲ့သူကလေ......ဟင့်အင်း မဟုတ်ဘူး မဖြစ်ရဘူး။


"ထူး...ထူးထက်စေ......ထူးထက်စေ ငါခေါ်နေတယ်လေ!!!......"


တစ်ချိန်ကလိုတုံ့ပြန်မှုရှိမလာတဲ့ချာတိတ်ကြောင့်လင်းလက်‌အတော်လေးတုန်လှုပ်နေမိတာတော့အမှန်။ အခုအချိန်မှာဘေးက‌ဆူညံသံပေါင်းစုံကိုရော ၊ လူတွေရဲ့တီးတိုးစကားသံတွေကိုရောဘာကိုမှသူမကြားနိုင်ပါ။ ထူးထက်စေကိုသာဆေးရုံပို့ဖို့အရေးကြီးတာမို့ ကိုယ့်စိတ်ကိုယ်မနည်းပြန်စုစည်းကာရင်ခွင်ထဲကခန္ဓာကိုယ်လေးကိုပွေ့ချီလိုက်တော့အရင်ကလိုမဟုတ်ဘဲလှစ်ခနဲပါလာတဲ့ခန္ဓာကိုယ်လေး။ လူတစ်ချို့ရဲ့ဆေးရုံကားခေါ်သံတွေကိုကြားပေမယ့်လျစ်လျူရှုကာသာချာတိတ်ကိုကားပေါ်တင်ပြီး‌ကိုယ့်ဆေးရုံဆီကိုသာအရှိန်တင်၍မောင်းနှင်လာလိုက်သည်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now