EP - 5

2.3K 200 24
                                    

Unicode

"ငါအဲ့ဒါကြီးမကြိုက်ဘူး……"

ပြောပြောဆိုဆိုနဲ့မျက်နှာလွှဲသွားတဲ့အစ်ကိုကမျက်မှောင်ကြီးကျုတ်လို့စူပုတ်နေလေ၏။ သဝဏ်သက်ပြင်းရှည်တစ်ခုသာချရင်းအစ်ကိုမျက်နှာလွှဲသွားတဲ့ဘက်ကိုဆန်ပြုတ်ပန်းကန်ကိုင်ကာသွားရပြန်သည်။ တကယ်တော့သူ့ဆီမှာကလေးကတစ်ယောက်မဟုတ်ဘဲနှစ်ယောက်ရှိတာပင်။ သုံးနှစ်သားအရွယ်သားရယ် ၊ ဒီလူကြီးပေမယ့်ကလေးဆိုးလေးလိုဆိုးနေတဲ့အစ်ကိုဆိုတဲ့ကလေးပေါက်စနလေးရယ်။

ပြောရရင်အစ်ကိုကသားထက်တောင်ဆိုးသေးတာ။  သားကမှဘာကျွေးကျွေးအကုန်စားသေးတယ် ၊ အစ်ကိုကတော့ဟိုဟာမကြိုက်လို့ဒီဟာမကြိုက်လို့နဲ့အစားရွေးတတ်သူမို့သားထက်အစ်ကို့အတွက်ကိုပိုခေါင်းစားရပေါင်းမနည်းတော့ဘူး။  အခုလည်းကြည့်ဒီကလေးဆိုးလေးကိုဆန်ပြုတ်တိုက်ဖို့အရေး ' မကြိုက်ဘူး '  ဆိုပြီးဟိုရှောင်ဒီရှောင်လုပ်နေတာကြောင့်ကုတင်နှစ်ဖက်ကိုပတ်ပြေးနေရတာခြေထောက်တွေလည်းအတော်ညောင်းနေပါပြီလေ။

("နည်းနည်းပဲသောက်လေ နော်……")

"မသောက်ဘူး……"

ပြောပြောဆိုဆိုနဲ့တစ်ဖက်ကိုမျက်နှာပြန်လွှဲသွားပြန်တာကြောင့် အမြန်ပြန်သွားရင်းမျက်နှာချိုသွေးကာပြုံးပြလိုက်ရသည်။

("အစ်ကိုကအစာမာမာတွေစားလို့မရသေးဘူးလေ……အခုတော့ဒါလေးကိုသည်းခံပြီးစားလိုက်နော်…အစ်ကိုဆေးရုံဆင်းတာနဲ့ကျွန်တော်အစ်ကိုကြိုက်တာတွေချည်းချက်ကျွေးမယ်……")

ငြိမ်ကျသွားတဲ့အစ်ကိုကလက်လေးပိုက်ကာနှုတ်ခမ်းလေးပါစူထားသေးတာမို့သဝဏ်သဘောတကျပြုံးလိုက်မိတယ်။
အစ်ကိုကတကယ့်ကိုချစ်စရာလေး……။

ဆန်ပြုတ်ပန်းကန်ကိုအနည်းငယ်မွှေရင်းကုတင်ဘေးတွင်ဝင်ထိုင်တော့အလိုမကျသလိုမျက်နှာထားနဲ့စိုက်ကြည့်နေလေ၏။
သဝဏ်လည်းရှေ့က ကလေးလူကြီးအားခဏလျစ်လျူရှုကာခပ်နွေးနွေးဖြစ်အောင်မှုတ်ပေးပြီးတစ်ဇွန်းခပ်ကာခွံ့ကျွေးမိတော့ဆောင့်အောင့်ကာယူစားလာသည်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Hikayelerin yaşadığı yer. Şimdi keşfedin