EP - 38

1.5K 173 34
                                    


Unicode


ရုတ်တရက်ပခုံးကိုလာထိတဲ့အတွေ့ကြောင့်ကုတင်ကိုမှီထိုင်ရင်းဖိမှိတ်ထားမိသည့်မျက်ဝန်းများကိုဖွင့်ကြည့်မိတော့ကိုက်ခဲနေတဲ့ခေါင်းကပို၍ပင်ကိုက်ခဲလာလေသလို။

"ရော့……"

မျက်စိရှေ့ရောက်လာတဲ့ဆေးနဲ့ရေကြောင့်ယောင်နနနှင့်မော့ကြည့်မိတော့စူပုတ်ပုတ်မျက်နှာထားနှင့်လာစိုက်ကြည့်နေတဲ့ဒေါက်တာ။ ခုနကမှပြောချင်ရာပြောပြီးထွက်သွားတဲ့သူကအခုကျဆေးလာတိုက်နေပြန်တယ်တဲ့။
နေပါအုံး ရန်ဖြစ်ထားတာကငါးမိနစ်တောင်မရှိသေးတဲ့အခြေအနေကြီးကိုလေ……။

"သောက်မှာလားမသောက်ဘူးလား……မသောက်ရင်ကိုယ်ခွံ့တိုက်မှာနော်……"

"ခင်ဗျားစိတ်ရောမှန်ပါတယ်နော်……"

တမင်ရွဲ့ကာမေးလိုက်တော့ပိုစူပုတ်သွားတဲ့မျက်နှာလေးနဲ့အတူသဝဏ့်လက်တစ်ဖက်ကိုအတင်းဆွဲယူကာဆေးကိုထည့်ပေးလာသည်။
သဘောကတော့ သောက်ရမယ်ပေါ့လေ။

"မသောက်ဘူး……သေရင်သေပါစေပစ်ထားလိုက်……"

ပြောပြောဆိုဆိုနှင့်ဆေးကိုလွှင့်ပစ်လိုက်တဲ့ကောင်လေးကြောင့်ထည်ဝါသက်ပြင်းချမိသည်။ လက်ထဲကရေခွက်ကိုစားပွဲပေါ်အသာတင်ပြီးသူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်ဆောင့်ကြောင့်ထိုင်ချလိုက်တော့ဘုဘောက်မျက်နှာပေးဖြင့်စွေကြည့်လာတဲ့အကြည့်တစ်ချက်။

"ကိုယ့်ကိုစိတ်ဆိုးနေတာလား……"

"မဆိုးဘူး…ဆိုးတော့ရော ကျွန်တော်ကဘာအသုံးဝင်မှာလဲ……သွားပါ ခင်ဗျားရဲ့ပညာတတ်တွေနဲ့ပဲသွားနေစမ်းပါ……"

ပြောဆိုကာမျက်နှာလွှဲသွားသည့်ကောင်လေးကြောင့်လက်နှစ်ဖက်နှင့်ကောင်လေးမျက်နှာကိုအုပ်ကိုင်ကာအကြည့်ချင်းဆုံစေလိုက်သည်။ ပါးလျလျနှုတ်ခမ်းလေးကိုဦးတည်ကာကြည့်မိတော့တွန့်ချိုးသွားတဲ့မျက်ခုံးတွေကဘဝင်မကျသည့်ပုံ။ စိတ်ဆိုးနေသည့်ကောင်လေးရဲ့ပုံစံကတကယ့်ကိုအသည်းယားစရာဖြစ်လာတာမို့နှုတ်ခမ်းလေးကိုဆွဲစုပ်နမ်းပစ်လိုက်တော့တုံ့ပြန်မှုမရှိပေမယ့်ငြိမ်သက်နေပေးပြန်တယ်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now