EP - 3

2.3K 199 27
                                    

Unicode

ဒီနေ့ကသားမူကြိုစတက်မယ့်နေ့။ သနပ်ခါးပါးကွက်ကြားလေးနှင့်မူကြိုဝတ်စုံလေးဝတ်ထားတဲ့သားကတကယ့်ကိုချစ်စရာလေးပင်။ သားကအစ်ကိုနဲ့တူတာမို့တကယ့်ကိုဖြူဖြူလုံးလုံးလေးနဲ့သန့်သန့်ပြန့်ပြန့်လေးရယ်။  ပြီးတော့အစ်ကို့ဆီကအမွေရထားတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကလည်းသားရဲ့ချစ်စရာကောင်းမှုကိုပိုတိုးသွားစေပြန်သည်။  နက်မှောင်နေတဲ့ဆံပင်လေးတွေကိုအုန်းဆီလိမ်းကာသေချာလေးဖြီးပေးတော့သားကရှုံ့မဲ့မဲ့လေးနှင့်မော့ကြည့်လာတယ်။

"သားသားမူကြိုမသွားချင်တော့ဘူးဒယ်ဒီ……"

ပြောရင်းမျက်ရည်စတွေပါဝေ့သီလာတဲ့သားကြောင့်သဝဏ်လည်းသားနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးမျက်ရည်စလေးတွေကိုလက်မဖြင့်အမြန်ဖယ်သုတ်ပေးနေမိသည်။

("ဘာဖြစ်လို့မသွားချင်ရတာလဲသားရဲ့……အဲ့ဒီ့မှာသားသားအတွက်သူငယ်ချင်းတွေအများကြီးရမှာလေ……")

"ဟင့်အင်း…သူငယ်ချင်းမလိုချင်ပါဘူး……"

ပိုပြီးငိုမဲ့မဲ့လေးဖြစ်လာတဲ့သားကိုသဝဏ်နားလည်ပါတယ်။ကလေးတစ်ယောက်အနေနဲ့မူကြိုစတက်ကာစကတော့ဒီလိုပဲဖြစ်မှာပဲမဟုတ်လား။ သူငယ်ငယ်တုန်းကဆိုလည်းကျောင်းတက်ရမှာကြောက်လို့ဆိုပြီးကုတင်အောက်ထဲတောင်ဝင်ပုန်းနေခဲ့ဖူးသေးတာပဲလေ။

("ဒီလိုလုပ်ကြမလား……သားသားကျောင်းတစ်ရက်တက်ပြီးတိုင်းဒယ်ဒီကသားသားစားချင်တာတွေဝယ်ကျွေးမယ်လေ……")

"တကယ်လား……"

ပြုံးကာခေါင်းအသာညိတ်ပြလိုက်တော့ခေါင်းလေးကိုကုတ်ကာတစ်ခုခုကိုစဉ်းစားသလိုလေးလုပ်နေတဲ့သားငယ်။ ဖောင်းနေတဲ့ပါးလေးနဲ့နှုတ်ခမ်းစူစူလေးကတကယ့်ကိုအသည်းယားစရာလေးရယ်ပါ။

"ဟုတ်…ဒါဆိုလည်းသွားမယ်……ပြန်လာတာနဲ့မုန့်မုန့်တွေအများကြီးဝယ်ကျွေးရမှာနော်……"

ခေါင်းထပ်ညိတ်ပြမိပြန်တော့သားကလက်မလေးရှေ့ထုတ်လာသည်။ လက်သန်းမချိတ်တတ်သေးတာမို့လက်မထုတ်ပြလာတဲ့သား ၊ သူလေးပြောချင်တာက ' ကတိပေး '  ပေါ့လေ။ လက်မသေးသေးလေးကိုခပ်ဖွဖွလေးထိလိုက်တော့မှပြုံးပြလာတဲ့သားကပါးကိုတစ်ချက်လာနမ်းသည်။ ပြီးတာနဲ့ဝက်ဝံရုပ်ကျောပိုးအိတ်လေးကိုလွယ်ကာအခန်းထဲကနေထွက်သွားတာမို့သဝဏ့်မှာပြုံးမိပြန်တယ်။
ဒီကလေးတကယ့်အတတ်လေး……။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now