EP - 47

1.5K 105 25
                                    

Unicode

အသိတစ်ယောက်ရဲ့မင်္ဂလာပွဲရှိသည့်အတွက်ဆောင်းရာသီ၏မနက်ခင်းအအေးဒဏ်ကိုကြောက်သည့်မှိုင်းညှို့တစ်ယောက်အပျင်းမထူနိုင်ဘဲလက်ဖွဲ့ဗူးပိုက်ကာသာလာခဲ့ရသည်။ သားကိုလက်တစ်ဖက်ကနေလက်တွဲထားရင်းအိပ်ချင်မူးတူးဖြစ်နေတဲ့မှိုင်းညှို့ပုံစံကအခုမှပဲကလေးတစ်ယောက်အဖေပုံစံလုံးလုံးပေါက်နေတော့၏။


" ဖေဖေအိပ်ချင်နေတာလားဟင်......"


လမ်းလျှောက်ရင်းတစ်လမ်းလုံးသမ်းနေသည့်မှိုင်းညှို့ကိုကြည့်ရင်းအမေးထုတ်လာတဲ့သား။ သားပြောမှကိုယ့်ကိုကိုယ်သတိဝင်ကာအဟောင်းသားဖြစ်နေသည့်ပါးစပ်ကိုအမြန်ပိတ်လိုက်ရတဲ့အဖြစ်။ တစ်လမ်းလုံးကလူတွေလည်းမှိုင်းညှို့ကိုသားမြင်သလိုမြင်နေမယ်ထင်ပါရဲ့...။


" ဖေဖေညကအလုပ်များသွားလို့ အဲ့ဒါကြောင့်အခုနည်းနည်းလေးအိပ်ချင်နေတာပါသားရဲ့......"


လက်ဖွဲ့ပိုက်ထားသည့်သမ်းဝေနေသည့်ပါးစပ်ကိုအမြန်ပိတ်မိတော့သားကတခစ်ခစ်နှင့်ရယ်ရှာသည်။ သားနှင့်အတူလိုက်ရယ်ရင်းမင်္ဂလာပွဲကျင်းပမည့်hotelဝန်းထဲသို့ဝင်ခဲ့လိုက်တော့မထင်မှတ်ထားဘဲမြင်တွေ့လိုက်ရတဲ့လူတစ်ယောက်။ သခွားရောင်ဆွယ်တာအင်္ကျီပေါ်တွင်ထပ်‌ထားသောအညိုရောင်long coatနှင့်ထိုလူသားမှာမီးခိုးရောင်ဆံနွယ်တွေကိုမစည်းနှောင်ဘဲချထားသည်မို့ပို၍သဘောကျစရာကောင်းလှပါ၏။
ဒီမျက်နှာလေးကိုမမြင်တွေ့ရတာလပိုင်းသာဆိုပေမယ့်လွမ်းလိုက်တာဆိုတာလေ......။


" ဒယ်ဒီ!!......"


ခပ်လှမ်းလှမ်းမှာစီးကရက်သောက်နေတဲ့သူ့ကိုငေးနေမိတုန်းလက်ထဲကနေအတင်းရုန်းကာပြေးထွက်သွားတဲ့သား။ ချက်ချင်းဆိုသလိုသူ့အနားရောက်သည်နှင့်သားကိုအံ့ဩတကြီးကြည့်ပြီးပြန်ထွေးဖက်ရင်းလက်ထဲကစီးကရက်ကိုမသိမသာနင်းခြေကာဖိသတ်ပစ်လိုက်သည်။

ဘယ်လောက်ပဲပြောက်းလဲသွားပါစေ...သားနှင့်ပက်သက်လျှင်သူ့အတွေးအယူအဆတွေကမပြောင်းလဲသေးဘူးထင်ပါရဲ့လေ......။


" သားကဒီကိုဘယ်လိုလုပ်......"

သားဆီကအကြည့်တွေကမှိုင်းညှို့ဆီကူးပြောင်းလာချိန်မှာတော့ချက်ချင်းဆိုသလိုမျက်မှောင်ကျုတ်ကာခက်ထန်သွား၏။ သဘောမကျဟန်အနေအထားကမျက်နှာမှာအတိုင်းသားမြင်နေရပေမယ့်လို့သားနဲ့တော့အေးအေးဆေးဆေးစကားပြောနေရှာပါရဲ့။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now