EP - 7

1.9K 188 20
                                    

Unicode


"Hey…မှိုင်း……"

ချိန်းထားတဲ့ကော်ဖီဆိုင်မှာထိုင်စောင့်နေတုန်းအနားရောက်လာတဲ့လူတစ်ယောက်ကြောင့်မော့ကြည့်မိတော့ ဆံပင်အပြာရောင်နဲ့လူတစ်ယောက်။ နေကာမျက်မှန်ပါတပ်ထားသေးတဲ့အပြင်နားဆွဲတစ်ဖက်ပါဆွဲထားသေးတာမို့နောက်ရောင်အောက်မှာဘယ်ဘက်နားကတစ်ချက်တစ်ချက်လက်ခနဲဖြစ်နေသေးသည်။

"မှိုင်း ငါရောင်နီလေ…ငါ့ကိုမမှတ်မိဘူးလား……"

တစ်ဖက်လူကမိတ်ဆက်လာမှသာမှိုင်းညှို့သေချာကြည့်မိတယ်။ မျက်နှာကျရောဘာရောကသေချာကြည့်မှအတော်လေးဆင်တာပင်။ ဘယ်လိုကြည့်ကြည့်မမှတ်မိတဲ့မှိုင်းညှို့ကိုတစ်ဖက်လူကစိတ်မရှည်တော့ဟန်ဖြင့်နေကာမျက်မှန်ချွတ်ကာအရွဲ့တိုက်သလိုမျက်နှာကိုရှေ့တိုးပြလာသည်။

"ဒီမှာ…သေချာကြည့် မြင်ဖူးတယ်မရှိဘူးလားဒီသောက်ခွက်ကြီးကို……"

"သြော်…အေး မြင်ဖူးသလိုလိုပဲ……"

ကြောင်ကြောင်လုပ်နေသောအမောင်မှိုင်းညှို့ရွှေဘုံကြောင့် သင့်ရောင်နီတစ်ယောက်တကယ်ပင်ဒေါသထွက်မိတာတော့အမှန်။ အခုမှပြန်တွေ့တဲ့သူငယ်ချင်းအရင်းကြီးကိုအူတူတူနဲ့မမြင်ဖူးသလိုလုပ်နေတာကတကယ့်ကိုသောက်မြင်ကတ်စရာအကောင်းဆုံးအချက်ပဲမဟုတ်ဘူးလား……။

"မှိုင်းညှို့ရွှေဘုံ!…ငါမင်းကိုစိတ်ဆိုးတော့မှာနော်……"

"ဟားဟားဟား……ငါကစတာပါရောင်နီရာ…မင်းကလည်းစိတ်ချည်းပဲ……"

စူပုတ်ပုတ်နှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လာတဲ့ရောင်နီကတစ်ခုခုကိုမေးချင်နေဟန်ရတာကြောင့်မေးဆတ်ပြလိုက်တော့ ချောင်းတွေဘာတွေဟန့်လာသည်။

"အဟမ်း!……မင်းနဲ့ခက်ထန်ယစ်တို့လက်ထပ်ပြီးသွားကြပြီလား……"

မမျှော်လင့်ထားတဲ့မေးခွန်းကြောင့်ကော်ဖီခွက်ကိုမွှေနေတဲ့လက်ကပါတန့်ခနဲ။
ဘယ်လိုဖြေရမလဲ ယစ်……။
ငါမင်းပြန်လာမှာလို့ယုံကြည်နေတုန်းပဲ။ ဒါပေမယ့်မင်းကရောငါယုံကြည်သလိုပြန်လာမှာသေချာလား။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now