EP - 29

1.7K 175 17
                                    

Unicode


bossကိုcompanyပို့ပေးပြီးသည်နှင့်ထူးထက်စေတစ်ယောက်ဆေးရုံကိုသာဦးတည်လိုက်သည်။ ခန္ဓာကိုယ်မှာဘာဒဏ်ရာအနာတရမှမရှိပေမယ့်လို့ နှလုံးသားမှာအမြစ်တွယ်နေတဲ့အချစ်ရောဂါကတော့ဒေါက်တာကိုကိုကုပေးမှပျောက်မှာမဟုတ်လား။

"ဟ……ကားကိုဘယ်လိုမောင်းနေတာလဲ……"

ဆေးရုံကိုသွားတဲ့လမ်းတစ်လျှောက်လုံးရှင်းလင်းနေတာမို့ရှေ့ကနေနှေးတိနှေးကွေးနှင့်လိပ်လိုမောင်းနေတဲ့ကားကိုကျော်တက်ဖို့ပြင်လိုက်တော့အရှိန်ပြင်းပြင်းမောင်းကာတမင်ကျော်မောင်း၍မရအောင်လုပ်လာသည်မို့ထူးထက်စေစိတ်အချဉ်ပေါက်မိခြင်း။ လီဗာကိုဖိနင်းကာအရှိန်တင်၍မောင်းမိပြန်တော့လည်းထိုကားကပါလိုက်အရှိန်တင်ပြန်တာကြောင့်လမ်းမတွင်ကားနှစ်စီးကယှဉ်မောင်းမိလျက်သား။

"WTF!…ဒီကောင်ဘာဖြစ်ချင်နေတာလဲ……"

စိတ်တိုတိုနှင့်အော်ဆဲမိနေတုန်းမျက်နှာချင်းဆိုင်မှာတွေ့ဘိုက်ရတဲ့ကုန်ကားတစ်စီး။ တစ်ဖက်ကကားကလည်းအခုထိကျော်တက်၍မရသေးတာကြောင့်ဒီအခြေအနေနဲ့ဆိုသူသေချာပေါက်တမလွန်မြန်းသွားနိုင်သည်။

"လီးလိုပဲ……"

ခပ်ကျယ်ကျယ်အော်ဆဲရင်းလီဗာကိုအဆုံးအထိဖိနင်းကာကားကိုဝိုက်ပြီးကွေ့ချပစ်လိုက်တော့မှထိုကားကိုကျော်တက်၍ရကာလမ်းကြောင်းအမှန်ပေါ်ပြန်ရောက်သွားသည်။ တစ်ဖက်ကကုန်ကားကလည်းသူ့လမ်းနဲ့သူသွားတာမို့လွတ်သွားပေမယ့် ဒီကောင်ကတော့ထူးထက်စေရဲ့ဒေါသကနေလွတ်လောက်မည်မဟုတ်။

လမ်းမပေါ်တွင်ကားကိုကန့်လန့်ဖြတ်ပိတ်ရပ်ပစ်လိုက်ရင်းဝတ်ထားတဲ့shirtအင်္ကျီအနက်ရဲ့လက်ကကြယ်သီးကိုပါဖြုတ်ကာတံတောင်ဆစ်အထိခေါက်တင်ပြီးကားပေါ်ကနေဆင်းလာခဲ့လိုက်သည်။ သူကားပေါ်ကဆင်းလာသည်နှင့်တစ်ဖက်ကားပေါ်ကနေလိုက်ဆင်းလာကြတဲ့သန်သန်မာမာလူသုံးယောက်။ လက်တိုအင်္ကျီတွေကြောင့်တစ်စွန်းတစ်စပေါ်နေတဲ့လက်ကတက်တူးတွေနဲ့ခပ်တောင့်တောင့်ခန္ဓာကိုယ်ရှိတဲ့ထိုလူတွေကထူးထက်စေအတွက်တော့ရယ်စရာတစ်ခုထက်မပိုပေ။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now