EP - 20

1.9K 194 8
                                    

Unicode


မိုးရာသီကုန်ခါနီးဖြစ်တဲ့စက်တင်ဘာလ။
အမှန်အတိုင်းပြောရရင်ကျွန်တော်ဒီအတောအတွင်းဘာတွေဖြစ်လို့ဖြစ်ခဲ့မှန်းဘာတစ်ခုမှမမှတ်မိတော့ဘူး။ အိပ်မက်လိုလိုဘာလိုလိုအခြေအနေကနေသတိဝင်မိတဲ့အချိန်မှာတော့ပထမဆုံးတွေ့လိုက်ရတာကဒေါက်တာ။ ဒေါက်တာပထမဆုံးကျွန်တော့်ကိုမေးတဲ့စကားကလည်းအထူးအဆန်းပါပဲ။

' ကောင်လေးကိုယ့်ကိုပြန်မှတ်မိပြီလား……'  တဲ့။

အစကတော့ကြောင်အမ်းအမ်းဆိုပေမယ့်လို့အခုတော့ဒေါက်တာ့ရှင်းပြမှုကြောင့် တစ်ချို့အရာတွေတော်တော်များများကိုသိထားပြီးနေပါပြီ။ ဒါပေမယ့်ဒီအတိုင်းသိထားရုံလောက်ပဲဆိုပါတော့။ ကျွန်တော့်မှတ်ဉာဏ်ထဲကနောက်ဆုံးပုံရိပ်ကရေထဲမှာနစ်မြုပ်နေခဲ့ပြီးအသက်ရှူမရအောင်မွမ်းကျပ်နေခဲ့တဲ့ဖြစ်ရပ်ပဲ။
ဟူး……နည်းနည်းလောက်တော့နောင်တရနေလောက်မယ်မဟုတ်လား အစ်ကို……။ ကျွန်တော်မရှိတော့တဲ့အခါနည်းနည်းလောက်တော့သတိရပေးလောက်မယ်မဟုတ်လား……။

စားပွဲပေါ်ကဒေါက်တာလာပေးသွားတဲ့ရေနဲ့ဆေးကိုယူသောက်ပြီးပြတင်းပေါက်ကိုငေးကြည့်မိတော့မိုးကအငြှိုးကြီးစွာနှင့်သည်းသည်းထန်ထန်ရွာနေတုန်းပင်။ ခြေထောက်တွေကလမ်းပြန်လျှောက်လို့ရနေပြီဆိုပေမယ့် ဒေါက်တာကခပ်ဖြေးဖြေးသာလျှောက်ဖို့ပြောထားသည်မို့စကားနားထောင်ကာကုတင်ပေါ်ကနေခပ်ဖြေးဖြေးထပြီးပြတင်းပေါက်အနားတိုးသွားလိုက်တယ်။ လက်တစ်ဖက်ကိုပြတင်းပေါက်အပြင်ဘက်ဆန့်ထုတ်လိုက်တော့ အေးမြတဲ့မိုးရေစက်တွေရဲ့အထိအတွေ့ကတကယ့်ကိုစိတ်ထဲအထိအေးမြသွားစေသည်။

လွမ်းတယ်အစ်ကို……။
အရမ်းလွမ်းတယ်။ ဒါပေမယ့်အစ်ကို့ဆီကိုတော့ပြန်မလာရဲတော့ဘူး။
ကျွန်တော်ပြန်လာလည်း…အစ်ကိုကအလိုရှိတော့မှာမှမဟုတ်ဘဲ။ အစ်ကိုသိပ်ချစ်ရတဲ့သူကအစ်ကို့ဘေးမှာရှိနေပြီမဟုတ်လား။ ဒီတော့ကျွန်တော့်ကိုအစားထိုးဖို့မလိုအပ်တော့ဘူးပဲလေ။
အခုဆိုရင်…မြတ်သဝဏ်ဆိုတဲ့ကျွန်တော်ကအစ်ကိုပြောသလိုအ,အတစ်ယောက်ဖြစ်ရုံတင်မကဘူး……မျက်နှာပေါ်ကအမာရွတ်ကြီးကြောင့်ရုပ်ပျက်ဆင်းပျက်ပါဖြစ်နေပြီအစ်ကိုရဲ့……။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now