2

6.9K 326 0
                                    


................

တီတီနုတို့အိမ်မှာ နေတာ ဒီနေ့နဲ့ဆို ငါးရက်မြှောက်ပြီ။ ကျွန်တော်တို့သားအမိ နေဖို့ တီတီနု အမျိုးသားနဲ့ သားအကြီးဆုံး ပြင်ပေးနေတဲ့ အိမ်လေးဟာလဲ ပြီးစီးသွားပြီဖြစ်လို့ ရက်ကောင်းလေးရွေးပြီးမှ ပြောင်းပါလို့ ပြောလာတဲ့ တီတီနုကြောင့် ရက်ကောင်းမယ့် နေ့လေးကို စောင့်နေရခြင်း ဖြစ်သည်။ 

မနက်ပိုင်းက အမေနဲ့ အတူ
နေရမယ့် အိမ်လေးကို သွားကြည့်ကြရာ တီတီနုတို့ အိမ်ရဲ့ တစ်အိမ်ကျော် လမ်းကြား‌ေလးတစ်ခု ခြားရုံသာ ဖြစ်၏။
ခြံလေးဟာ တီတီနု အမျိုးသား၏ ညီ ဖြစ်သူ ခြံဟု သိရပြီး ညီဖြစ်သူဟာ ငယ်ငယ်ကတည်းက ထိုင်းနယ်စပ်ဘက် အလုပ်လုပ်သွားလုပ်ရာ ထိုဒေသမှာပင် အိမ်ထောင်ကျသွားတာကြောင့် ပြန်လာဖို့ မသေချာတာမို့ ခြံနှင့် အိမ်အား အစ်ကိုကြီး ဖြစ်သူ တီတီနု အမျိုးသားထံ အပ်ထားခဲ့ကြောင်း။

  အမေမှာ အားနာရတာမို့ အငှားသဘောဖြင့် နေပါမည် ဆိုသော်လည်း တီတီနုတို့ လင်မယားက လက်မခံပေ ။ လူမနေတာမို့ ပစ်ထားသလိုဖြစ်နေသော ခြံနှင့် အိမ်အဟောင်းလေးကို ရှင်းလင်းပြုပြင်ကာ အတင်းနေစေတာမို့
နောက်ဆုံး ကျွန်တော်တို့လက်ခံလိုက်ရ၏။ ခြံလေးဟာ အတော်အသင့် ကျယ်ဝန်းသည် ဆိုပေမယ့် သားအမိနှစ်ယောက်တည်းရှိသော ကျွန်တော်တို့ အတွက် တော်တော်ကျယ်ပါသည် ဟု ဆိုရမည်။

အိမ်လေးဟာလဲ သွပ်မိုးပျဥ်ကာ တစ်ထပ်ခွဲအိမ်လေးဖြစ်ပြီး ဧည့်ခန်းအကျယ် ပေ20နှင့်  အိပ်ခန်းနှစ်ခန်းမှာ 9ပေ ကိုယ်စီရှိသည်ဟု ဆို၏။
အနောက် အဖီဆွဲထားရာ နေရာသည် ဧည့်ခန်းအဆုံး၌ အုတ်လှေကားလေး နှစ်ဆင့်ဖြင့် ဆင်းရသော မီးဖိုချောင်ခန်း လုပ်ထား၏။
အိမ်နှင့် ပေ30အကွာတွင် ရေချိုးခန်းနှင့် အိမ်သာ တွဲရက် ဆောက်ထားပေးတာမို့ ပြည့်စုံတာထပ်  ပိုပါ၏။ အိမ်‌ေရှ့အိမ်နောက် မြေနေရာလွတ် တော်တော်များများကျန်သေးတာမို့ တီတီနု အမျိုးသားက သဘောကျရာ အပင်စိုက်ပျိုးနိုင်ကြောင်းပြောလာသောအခါ ပန်းပင်နှင့် သီးပင်စားပင် စိုက်ပျိုးရာတွင် ဝါသနာထုံသော ကျွန်တော်တို့ သားအမိအတွက်တော့ ဝမ်းသာစရာပင်။
ခြံနှင့် မနီးမဝေးတွင် ချောင်းတစ်ချောင်းရှိတာမို့ ရေဟာလဲ ပူစရာမလို။ အိမ်ရှေ့ ခြံစည်းရိုးနားတွင် သပြေပင်အိုကြီး တစ်ပင်ရှိပြီး ခြံထဲတွင် ပိန္နဲပင် တစ်ပင်၊ မာလကာပင် နှစ်ပင် ရှိတာမို့ ခြံဟာ စိမ်းစိမ်းစိုစိုနှင့် နေချင်ဖွယ်အတိ။  အိမ်ပြောင်းပြီး အားတဲ့နေ့ကြမှ သပြေပင်၏ ပင်စည်ပတ်လည်တလျှောက် တီတီနုသားအကြီးဆုံးကိုကြီးစိုင်းဆိုင်ဟန်ကိုခေါ်ပြီးအကူအညီတောင်းကာ ခုံတန်းလေး ရိုက်ခိုင်းအုန်းမှ ဟု တွေးထားလိုက်သည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now