Extra (1)

3.9K 120 15
                                    

.........


အချိန်အားဖြင့် ၂နှစ်ခန့် ကြာပြီးနောက်...

အရိပ်ကြီး အရိပ်ကောင်း ဖြင့် ကျယ်ဝန်းသော ခြံဝန်းကြီးအလယ်
နေချင်စဖွယ် နှစ်ထပ်တိုက်အိမ်ကြီးသည် ဟီးထ နေ၏။
ခြံဝန်းအတွင်း သစ်ပင် ပန်းပင်တို့ စုံလင်စွာ စိုက်ပျိုးထားပြီး နှစ်ရှည်ပင် တချို့လည်း ရှိ၏။တစ်ချက်တစ်ခါ လွှင့်ပျံ့လာတတ်သည့်လေညှင်းတို့အထဲ မိုးရနံ့သင်းသင်းလေး ပါလာတတ်သေးသည်။ ကောင်းကင်ကြီးကတော့ ညိုပြာရီမှိုင်းညို့လို့ အရောင်သွေးစုံ ခြယ်နေပြီ။

ခြံဝန်းအတွင်း အနွယ်တက်သော ပန်းရုံကြီးများအလယ် ဘန်ဂလို လေး တစ်လုံးဆောက်ထားပြီး  ထို ဘန်ဂလိုလေးထဲ သေချာကြည့်ပါလျှင် ခပ်လုံးလုံး ပုံသဏ္ဌာန်လေးကို မြင်ရပေမည်။

ထို ပုံသဏ္ဌာန်လေးမှာ တခြားတော့ မဟုတ် .....

၈လသား ကိုယ်ဝန်ကို လွယ်ထားရသော ကိုဗိုက်ပူလေး ထွန်းလမင်းသာ။ နှုတ်ခမ်းကလည်း ပြုံးယောင်လေး သမ်းကာ လှုပ်ယွနေ၏။ ဤသည်မှာ စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ဗိုက်ထဲက ကလေးတွေကို စာဖတ်ပြနေခြင်း။

............

ကလေးတွေ ဆိုလို့.......ဟုတ်သည်။
လမင်း လွယ်ထားရသည့် ကိုယ်ဝန် သည် အမြွှာလေးပင်။

ချစ်ခြင်းမေတ္တာ ဖြင့်သာ တည်ဆောက်ထားသော  လမင်းတို့ နှစ်ကိုယ်တူဘဝလေးထဲ ၂နှစ်အကြာမှာ ထပ်မံချည်နှောင်ရစ်တွယ်လာမယ့် မျိုးဆက်လေးတွေ တပြိုင်နက်တည်း ရောက်လာခဲ့၏။

မောင်နဲ့ အိမ်ထောင်ကျပြီး 3လအကြာမှာ လမင်း ရှမ်းပြည်ကနေ မောင်နဲ့အတူ ရန်ကုန်ကိုလိုက်လာပြီး အခြေချခဲ့တာဖြစ်၏။
.......................

"ကဲ ...ဖေဖေ့ကလေးလေးတွေရေ ဒီနေ့တော့ ဒီလောက်ပဲ ဖတ်ပြမယ်နော် ဖေဖေ မောသွားပြီ မိုးလည်း ရွာတော့မယ်  "

သာမန်ထပ် နှစ်ဆ ပိုပူနေသည့် ဗိုက်လုံးလုံးလေးအား ခပ်ဖွဖွပွတ်ကာ လမင်း စကားဆိုလိုက်၏။
နေ့စေ့လစေ့ ဖြစ်နေပြီမို့ အထိုင်အထ အသွားအလာမှာ အရင်ကထပ် ခက်ခဲလာပြီမို့ ဂရုစိုက်နေရသည်။
အမျိုးသားကိုယ်ဝန်သည် ဖြစ်တာမို့ သာမန် အမျိုးသမီးကိုယ်ဝန်သည်ထပ်ကို ပိုဂရုစိုက်နေရ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now