31

4.5K 213 1
                                    


.........

ရေတံခွန် မှာ ရေမဆော့ပဲ သူများတကာ ရေဆော့ကာ ပျော်မြူးနေသမျှကို ထိုင်ကြည့်လာတဲ့  ခန့်စေ၏ အချစ်တော်လေး
ထွန်းလမင်းသာ မှာ ဝိန်းကောင်ရေတံခွန်မှ ထွက်လာပြီး အိမ်ပြန်လမ်း တစ်လျှောက်လုံး ခန့်စေနှင့် ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပါပဲ စကားတစ်ခွန်းမှ မဆို ၊ မေးလျှင်တောင် ပြန်မဖြေပဲ အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာတာမို့ အရှေ့မှ ဆိုင်ကယ်မောင်းသူ ခန့်စေမှာ နေမထိထိုင်မသာ ဖြစ်ရသည်။

ဒါကြောင့် မနေနိုင်သည့် အဆုံး ခန့်စေမှာ ဆိုင်ကယ်ရပ်ကာ မေးမြန်ရသည်။ထိုအခါမှ  ချစ်ရသူလေးဆီက အသံထွက်လာတော့သည်။

"ဘာလို့ ဆိုင်ကယ် ရပ်လိုက်တာလဲ ~~~"

" မောင့် လမင်းက မောင့်ကို စကားပြန်မပြောလို့လေ"

".........."

" ဘာဖြစ်နေတာလဲ မောင့် ကိုပြော "

" ဘာမှ မဖြစ်ပါဘူး "

"မလိမ်တတ်ပဲ လိမ်နေပြန်ပြီ  ဟိုနှစ်ယောက် ဖြစ်တဲ့ကိစ္စ စိတ်မကောင်း ဖြစ်နေတာလား "

" အင်း~~~အိုက်လျှမ်း အဲ့လိုတစ်ခါမှ ဝမ်းနည်းပြီး ငိုတာမမြင်ဖူးဘူး ငါ့ သူငယ်ချင်းလေးက ပျော်ပျော်နေတတ်တယ်"

" စလိုက်တာလို့ မောင့်ကို သန့်ကြီး ပြောတယ် သူ မရ ရအောင် ချော့မှာမို့ မောင့် လမင်းက အရမ်းမတွေးနဲ့ "

" သူ စတာကြီးက ရေထဲ ကန်ချတာကြီးကို မင်းသူငယ်ချင်းက လွန်လွန်းတယ် "

"အင်းပါ မောင် အဲ့ကောင်ကို ဆုံးမပေးမယ် ဟုတ်ပြီလား "

"အင်း "

ခန့်စေမှာ သူလေးအကြိုက် မနည်း ချော့ပြောပြီး ခေါ်လာရာ မိုင်းနောင်မြို့  မီးတပ်စခန်း အကျော်  ကုန်းတက်နားရောက်ချိန်တွင် လှမ်းမြင်နေရသော စော်ဘွားကုန်း ပေါ်မှ စေတီကြောင့် တိတ်ဆိတ်ကာ ပြန်လည်လိုက်ပါလာတဲ့ အသေးလေးက ကျောကုန်းကို ပုတ်ကာ  စော်ဘွားကုန်းပေါ်တက်သည့် လမ်းကြားနား မရောက်ခင် ခေါက်ဆွဲဆိုင်ရှေ့နား၌ ရပ်ရန် ပြောလာ၏။
ခေါက်ဆွဲဆိုင်သည် ကားလမ်းဘေးတွင် ဖွင့်ထားသည်မို့ လွတ်မည့်နေရာတွင် ခဏရပ်ပေးလိုက်ရသည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now