53-2 (final)

5.7K 178 25
                                    

.......................

ညအစောပိုင်းမှာ စတင်ခဲ့တဲ့ စားသောက်ဝိုင်းလေးဟာ ည ၁၀နာရီမှာ ကိုယ်စီ နှုတ်ဆက် အဆုံးသတ်လိုက်တာမို့ မူးရူးကွဲပြဲကာ
ပြောချင်တာပြောပြီး အိပ်ပျော်သွားသော အိုက်တွမ်ကို ဝဏ္ဏကပဲ အိမ်အထိ လိုက်ပို့ရန် အရင်ပြန်သွားပြီး အစားသောင်းကျန်းပြီး
အိပ်ပျော်သွားသော စိုင်းဟန်လျှမ်းကိုတော့ သန့်စင်ထွန်းက
တစ်လမ်းကျော်မှာတင် ဟန်လျှမ်းအိမ်ရှိတာကို လျစ်လျူရှုလျှက်
သူ့အိမ်ကို မ*သွားပြီမို့ နောက်ဆုံး ကျန်ခဲ့တာက လောလောလတ်လတ် အိမ်ထောင်ပြုထားသော ခန့်စေအတွဲသာ
ကျန်ခဲ့၏။ စားသောက်ထားသည်ကိုတော့ ကျန်ခဲ့တဲ့ ကိုယ်တွေအတွဲကပဲ သိမ်းလိုက်ပါလို့ မမေ့မလျော့ မှာသွားကြသေးသည်မို့~~~

" လမင်း.. နားချင်ရင် နားတော့လေ ပင်ပန်းနေရောပေါ့
   မောင် ဒါတွေ သိမ်းပြီးရင် လိုက်ခဲ့မယ် "

" ဟင်! တစ်ယောက်တည်း မသိမ်းပါနဲ့ လမင်းပါ ကူသိမ်းမှာပေါ့"

" ထားခဲ့ပါကွာ ! အစာကြေဆေးလေး သောက်ပြီး နားနေ
   မောင့်လမင်းလေး ဒီနေ့ အရမ်းတွေ စားထားလို့ မောင့်ကို စားဖို့ရော အားရှိပါတော့မလား ဟမ်! "

"  ဟာ ~~ဘယ်လိုတွေ ပြောနေတာလဲ  သွားပြီ
    ကိုယ့်ဘာသာ သိမ်းခဲ့တော့ "

ရှက်သွားသော မျက်နှာလေးသည် ညမီးအရောင် မှိန်ပြပြ မှာတောင်
ရဲရဲလေး မို့  အရှက်သည်းပြီး အိမ်ပေါ် တက်ပြေးရန် ကြံနေသော
ကိုယ်လေးအား ခါးမှ ဆွဲယူကာ ..

" ပြွတ်!  အေးနေပြီ တက်တော့နော်.."

" ဟွန့် ! ဘီယာနံ့ နံတယ် "

" ဟုတ်ကဲ့ဗျ သွားတိုက်လာခဲ့မယ်ဗျ "

" ကိုယ်လက်သန့်စင် လိုက်အုန်းမယ် "

"အင်း ...မြန်မြန်လုပ် အေးတယ် "

အိမ်ပေါ်အရင်တက်သွားသော အသေးလေးအား ပြုံးကာ ရပ်ကြည့်နေမိရင်း  ရှင်းစရာရှိတာများကို ရှင်းလိုက်၏။
ယောကျာ်းလေးတွေချည်း စားသောက်ကြတာမို့ အသောက်အစားလေးကလည်း ပါတော့ ဗူးတွေ၊ပုလင်းတွေက မနည်းမနော။ ကြွက်တွင်း နှစ်ယောက်ဖြစ်တဲ့ ဝဏ္ဏနဲ့ သန့်စင်ထွန်းကြောင့် ကောက်သိမ်းလိုက်ရတဲ့ ဗူးခွံတွေက မနည်းမနော။  အသေအချာ သိမ်းပြီးကာမှ အိမ်နောက်ဘက်ကိုတစ်ခါတည်း သွားလိုက်ပြီး ကိုယ်လက်သန့်စင်ရ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now