10

5.7K 280 3
                                    

ညနေ ၅နာရီခွဲအချိန်။

ညနေပိုင်းကို  မြို့အစွန်ဘက်ရှိ နှီးဘုရားကြီး၌ ဆီမီးများပူဇော်ကာ အနီးအနားစေတီပုထိုးများပါ ဆီမီးပူဇော်ကြမည်မို့ ဘုရားပုရဝဏ်နှင့် အပြင်ဘက်တွင် လူစည်ကားလျက်ရှိပြီး ဈေးဆိုင်တန်းတချို့လည်းရှိ၏။

မနက်ခင်း ဆွမ်းလောင်းပြီးချိန်၌ အိမ်ကိုအရောက်ပို့ကာ
ညနေခင်းပိုင်း ပြန်လာခေါ်မှာမို့ အနားယူလိုက်အုန်းဟု မှာသွားသော ၈တန်းကောင် ခန့်စေထွဋ်နောင်ကြောင့်  နေ့လည်ခင်း
ခဏတဖြုတ် အိပ်ကာ ဆီမီးပူဇော်ပွဲ သွားရန် ပြင်ဆင်ရ၏။
အမေကတော့ မလိုက်တော့သည်မို့  ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်နဲ့ သူတို့ လေးယောက်အုပ်စု၊ စုစုပေါင်း
၆ယောက်တည်းသာ သွားဖို့ အကြောင်းဖန်လာ၏။

ဘုရားသွားမှာမို့ အပေါ်အင်္ကျီလည်ကတုံး ပန်းဆီရောင်နုနုလေးနှင့် ပုဆိုး မရမ်းပုပ်ရောင်လေး ဝတ်ထားသော ထွန်းလမင်းသာဟာ
နူးနူးညံ့ညံ့လေးနှင့် ကတ္တီပါဖိနပ် အနက်ရောင်‌စီးထားသော ခြေချောင်းဖြူသွယ်သွယ်လေးတွေက  ထိရက်စရာမရှိအောင် ပန်းရောင်သန်းလို့နေ၏။ စိုင်းဟန်လျှမ်းကတော့ အပေါ်အင်္ကျီ လည်ကတုံးအဖြူရောင်နှင့် ဖျင်နီရှမ်းဘောင်းဘီလေးဝတ်ထားကာ
တီတီနု လက်ချက်ကြောင့် ပါးပြင်၌ ဝလုံးပုံသဏ္ဌာန် သနပ်ခါးကွက်လေးက အမြဲတပ်ဆင်ထားရသော မျက်မှန်ဝိုင်းနှင့် ပနံသင့်ကာ ချစ်စရာကောင်းနေ၏။ သကောင့်သားကတော့
အခွင့်ကောင်းရကာ လူပျိုလှည့်ချင်သူပီပီမို့ မျက်နှာပေါ်က သနပ်ခါးကြောင့် အိမ်ရှေ့ဝရံတာဘက်တွင် ထုတ်ထားသော ဧည့်စားပွဲ နား၌ စူပုတ်ကာ ထိုင်နေ၏။

ဖျက်လိုက်လေ!ဆိုပြန်တော့လဲ မားက သနပ်ခါး ပျက်လာရင် ထုမယ်တဲ့။
ဘုရားတွင် ဆီမီးပူဇော်ရန် အမေနှင့် တီတီနုက ဖယောင်းတိုင်နှင့် အမွှေးတိုင်များ ဖလားထဲ ထည့်ပေးကာ အဝေးကြီး လျှောက်မသွားရန်၊ စော်ဘွားကုန်းပေါ် မိုးချုပ်ပြီမို့ မတက်တော့ရန်၊
သူငယ်ချင်းတွေ လူစုမကွဲစေရန် အထပ်ထပ်အခါခါမှာကြားနေ၏။

ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ကတော့

''ဟုတ်'' တစ်လုံးဆောင်ကာ ၈တန်းကောင်တို့အား မြန်မြန်လာခေါ်ရန် မျှော်နေရ၏။ 

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now