27

5K 227 6
                                    


🍃🍃🍃

"🎶🎵~~~🎶~~~🎵...."

" ဟိုကောင်  အိုက်တွမ် နဲ့ ဝဏ္ဏ ကလည်း အအေးဗူးလေး သွားဝယ်တာ စက်ရုံက ထုတ်တဲ့ဗူးအသစ်ကို ထိုင်စောင့်ပြီး ဝယ်နေလား မှတ်ရတယ် အခုထိကို ပေါ်မလာဘူး"

" မင်းသာ အဲ့အကင်တွေ ပြီးအောင် ကင်စမ်းပါ..."

"ငါတစ်ယောက်တည်း ကင်ခိုင်းရအောင် မြိုဆို့ကြမှာ မင်းတို့ရော မပါလို့လား အဲ့ ဂီတာကြီး ချထား အချဉ်ရည်စပ်ထားတာ ဘယ်လိုအခြေအနေရှိလည်း မြည်းကြည့်အုန်း "

ခန့်စေတို့လေးယောက် အတူတူစုကာ  ခန့်စေ ဦးလေး၏ အိမ် အပေါ်ဆုံးထပ် ဝရံတာ ၌ အကင် ကင်စားရန် ပြင်ဆင်နေကြခြင်း ဖြစ်၏။  အကင်မျိုးစုံနှင့် အအေး သာ ပါဝင်မယ့် သူတို့စားသောက်ဝိုင်းရဲ့ ပင်တိုင် အကင်ဆရာကြီးက သန့်စင်ထွန်း။

ခန့်စေတို့ကင်ပြန်ရင်လည်း မကျက်ဘူး ဗိုက်နာမယ် ၊စိတ်တိုင်းမကျဘူး ဆိုတာနဲ့ ကိုယ်တိုင်သာ စိတ်တိုင်းကျ ဝင်ကင်ပေးတတ်တဲ့ ကောင်က အဖွဲ့ထဲမှာသာ အရပ်က အရှည်ဆုံး
စိတ်က ငယ်ငယ်ကလို နှစ်လက်မ ဆိုဒ်က တတ်မလာ။
အခုလည်း အကင် ကင်နေရင်း အအေးသွားဝယ်တဲ့ ဝဏ္ဏနဲ့ အိုက်တွမ် ပေါ်မလာလို့ အကင်ဖို ဘေးမှာ အဘွားကြီးလို ပွစိထိုးနေတာ။

ခန့်စေထွဋ်နောင်ကလည်း ခန့်စေထွဋ်နောင်ပါပဲ စားဖို့သောက်ဖို့
ပြင်ဆင်နေကတည်းက ဝရံတာမှာ ထားထားတဲ့ ဒန်းပေါ်မှာ ဂီတာတစ်လက်နဲ့ တဒေါင်ဒေါင် တဒင်ဒင်။ ဘာမှလည်း ဝင်မကူပေးဖြစ်။ 

မတော်ရသေးတဲ့ချစ်သူ၊ လောလောလတ်လတ် အဖွင့်ပြောခံထားရတဲ့ လူသားလေးကို  လွမ်းနာကျနေတာ။
မတွေ့ရတာ ၂ရက်ရှိပြီမလား။
ဖွင့်ပြောပြီးမှ ပိုဆိုးသွားသလိုပဲ။ မတွေ့ရရင်ကို မနေနိုင်တော့ဘူး။
တွေ့ချင်တာကို ကိုယ့် ဗီဇအတိုင်း ဇွတ်တရွတ် သွားတွေ့ရင် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်မတော်ရသေးတဲ့ ချစ်သူလေးက
အိမ်ကို မလာနဲ့တဲ့။ ရှက်လို့ပြောတဲ့ စကားမှန်း ဒီ မောင်က သိပါတယ်။ သင်္ကြန်မှာ အတူတူလည်ဖို့ ခွင့်ပေးထားတဲ့ အန်တီချိုကြောင့် ကိုယ့်မှာအပျော်လုံး ဆို့ ရပေမယ့် လမင်းက
ဒီရက်ပိုင်း အတွင်း သူနေရခက်အောင် ခဏခဏလာတာမျိုး မလုပ်ရဘူး ဆိုလို့သာ ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now