6

5.6K 327 12
                                    

ခန့်စေအပေါ်ထပ်မှလှမ်းမြင်လိုက်ရသောဖြူဖြူလုံးလုံးလေးကြောင့် ဘာရယ်မဟုတ် စချင်စိတ်ပေါက်လာတာမို့  လှေကားနားတွင် သွားစောင့်ရန် ထွက်လာခဲ့လိုက်သည်။ ပုံမှန်ဆို အငယ်တန်းဘက်က ကလေးတွေ၊ အတန်းထဲက မိန်းကလေးတွေတောင်  အပျင်းပြေလိုက်စတက်တာမျိုးမရှိ။  လိုက်မှာဖြင့် လိုက်လာတာမဟုတ်ပဲ မေးမြန်းစုံစမ်းနေတဲ့ ပုလိပ်ရဲသေလို့ဝင်စားတဲ့ ပုလိပ်ရဲ ဝင်စားမရဲ့သားတွေကြောင့် အမြင်ကတ်ကတ်နဲ့ဖြေလာခဲ့တာတောင်
ထပ် သွား နမ်းအုန်းမလို့ ။ အဟွန်း မရည်ရွယ်ပါဘူး အဲ့အဖြေက အဲ့ အသေးလေးပေါ်မူတည်တယ်လေ။

လှေကားအဆုံး လက်ရမ်းတိုင်တွင် မှီကာစောင့်နေချိန် အောက်ထပ်မှ   အသံတဆာဆာနဲ့ ဂျပု‌ကောင်ရဲ့ ဘာရယ်စရာပါမှန်းမသိရတဲ့ စကားကြောင့် ဟီး ဟီးနဲ့ ချစ်ဖို့ကောင်းအောင်ရယ်ရင်းတက်လာကြတဲ့
အသေးလေး။ လက်ထဲမှာလဲ ကလေးကလား ပါဝါရိမ်းဂျား ၃ကောင်ပါတဲ့ပုံလေးနဲ့ ထုတ်ထားတဲ့ မာမီး ၅0တန် အထုတ်လေးတွေနဲ့ ပျော့အိအိပုံစံ မုန့်ဖောင်းဖောင်းတွေ။ စားတာတောင် အဲ့လိုမုန့်တဲ့။ ကလေးဆန်ဆန်စားလဲ   အငတ်ဆန်ဆန် တောင်းစားအုန်းမှာ။ မင်းပုံစံလေးကို ဘာလို့မှန်းမသိ  ငိုသွားအောင်ကို စချင်တာ။

ဂုဏ်ယူလိုက် ခန့်စေထွဋ်နောင် မျက်လုံးထဲ ချစ်ဖို့ကောင်းပြီး ငိုအောင်စချင်စိတ်ပေါက်အောင်လုပ်နိုင်တာ မင်းပဲရှိသေးတယ်။
ရန်ဖြစ်ရမှာတောင် ပျင်းသွားပြီ။


ထွန်းလမင်းသာ အပေါ်ထပ်လျှောက်လမ်းနားရောက်ခါနီး လှေကားထစ် ၃ထစ်အလို  ပိတ်ရပ်ထားသော ကတ္တီပါအနက်ရောင်နှင့်ယောကျာ်းဆန်ဆန် ဖြူသွယ်သွယ်ခြေချောင်းပိုင်ရှင်ကြောင့် မော့ကြည့်လိုက်ရာ မနက်က သူ့ကို နမ်းသွားတဲ့ ၈တန်းအခန်းက ကတုံးကောင်။
မချိုမချဉ် စိုက်ကြည့်နေတဲ့ကောင်ကြောင့် မနက်က အနမ်းခံရတဲ့ပါးတောင် အရိုက်မခံရပဲ ကျင်တက်လာသလိုလို။
သူ့နည်းတူ အိုက်လျှမ်းကလဲ ဒီကောင့်ကို မြင်လိုက်တာမို့ မနက်ကချော့ထားသလို ၈တန်းကောင်ကို မြင်တာနဲ့ လက်ဆွဲပြေးမယ့်အစီအစဉ်ကို စတင်ပါတော့သည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now