41

3.7K 194 10
                                    


..........

ည ၈:၃၀ ကျော် အချိန်၌ လဲချား--မိုင်းနောင် အဝေးပြေးလမ်းမ အတိုင်း တငြိမ့်ငြိမ့်နှင့် မောင်းနှင်လာသော Crown အနက်ရောင် ကားလေးတစ်စီး။

အနောက်ဘက် ဆီမှ ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာကြသော
ကားနှစ်စင်းလည်း ပါ၏။

🎼🎶 Have I ever told you.....🎵
I want you to the bone...🎵🎶

Have I ever called you....🎵🎼.
When you are all alone.....🎶

🎼 And if I ever forget to tell you how I feel.. 🎶
🎵 Listen to me now, babe... 🎶🎼

🎶🎼 I want you to the bone.... 🎶

( I want you to the bone.......)²........

ခန့်စေတို့ Crown အနက်ရောင်ကားအတွင်း၌ ဖွင့်ထားသော
To the bone သီချင်းသံသည် တိုးညှင်းညှင်းလေးသာ ပျံ့လွှင့် နေပြီး ပတ်ဝန်းကျင်တစ်လျှောက်လုံး ကားရှေ့မီးမှ မြင်ရ‌ေသာ မြင်ကွင်းသာ ထင်ထင်ရှားရှားရှိသည်။

နွေဦး၏ ညလေမို့ လက်ဆက်ကာ လူကိုလန်းဆန်းစေသည်မို့ ကားမှန်ကို ချကာ လိုက်ပါလာမိပြီး driver seat တွင် ထိုင်ကာ မောင်းနှင်လာသော လေးလေးမှာ ပြင်ဦးလွင်မှ တောက်လျှောက်မောင်းလာခဲ့ပါသော်လည်း ပင်ပန်းသည့် ပုံပင်မပေါက်ပါ။ ကားမောင်းလာသည့်တစ်လျှောက်လုံးလည်း
ကားအတွင်း သီချင်းသံ မစဲစေရပါ။ ဖွင့်လာသမျှ သီချင်းတိုင်းသည်
လေးလေး အိမ်နဲ့ ဆိုင်မှာ ဖွင့်နေကြ အောင်သူ၊ ခင်မောင်တိုး ၊ စိုးလွင်လွင် သီချင်းတို့ မဟုတ်။ ခန့်စေတို့လို လူငယ်အကြိုက် သီချင်းများသာဖြစ်ပြီး တစ်ခါတစ်ခါ သူ ရသည့်နေရာရောက်လျှင်
လိုက်အော်ဆိုတတ်သည်မို့ တူဝရီး နှစ်ယောက်တည်းသာ စီးနှင်းလာတဲ့ ကားလေးထဲမှာ ပျင်းရိဖွယ်ရာတော့ ကောင်းမနေတာအမှန်ပါ။ စကားပြောလိုက် တိတ်ဆိတ်သွားလိုက်ပါပဲ။

" ခန့်စေ ..ငါ့တူ အိပ်ပျော်နေပြီလားကွ.."

"မအိပ်ပါဘူး လေးလေး "

"မင်းက အသံ တိတ်သွားတာကိုကွ ဒီတစ်ကွေ့ပြီးရင် မိုင်းနောင် ဝင်ပါပြီကွာ "

"ဟုတ်လား ကျွန်တော် သတိတောင်မထားမိဘူး "

တူတော်မောင်ဟာ မိုင်းနောင်ဝင်ခါနီးပြီ ဆိုကာမှ ပျင်းရိပျင်းရွဲ မှီထိုင်ကာ ဘေးဘက်ကိုသာ ငေးရင်း လိုက်ပါလာရာမှ ချက်ချင်းပင်
အရှေ့ဘက်ကို မျက်နှာမူကာ မက်မက်ထိုင်လာသည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now