32

4.4K 220 11
                                    

.........

စော်ဘွားစေတီကုန်း ပေါ် တက်ရမည် ဆိုသောကြောင့် ပြုံးစိစိဖြင့် ခန့်စေအနား ကပ်ထိုင်နေသော လမင်း။

‌စော်ဘွားကုန်းအပေါ် လိုက်ပို့ပေးရမယ့် ခန့်စေထွဋ်နောင် မှာတော့
မရယ်နိုင်၊ မပြုံးနိုင်ရှာ။ ဒါမျိုးတော့ အလိုမလိုက်နိုင်ဘူး လို့လည်း
အသံကောင်း မဟစ်ရဲ။ ချစ်ရသူလေး မျက်နှာတစ်ချက်ညှိုးရင်
နယ်ရှစ်ခွင်လုံး တိမ်စိုင်ဖုံးလို့ မဲမှောင်သွားသည်ထပ် ကိုယ့်နှလုံးသားက အရင် မှိုင်းညှို့ ရသည်ကိုး။

အခုလည်း နှီးဘုရားအလှူခံမဏ္ဌပ်နားတွင်  အရှေ့ကသွားနှင့်ပြီ ထင်နေကြသည့် အတွက် ကျော်တတ်သွားသော သူငယ်ချင်းတွေအား ကုန်းပေါ်တက်ကြရန် ထိုင်စောင့်နေရသည်။
ဖုန်းဆက်ခေါ်ပြီး သိပ်မကြာ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။
ဆိုင်ကယ်ပေါ်က ဆင်းလာတဲ့ သန့်စင်ထွန်းမှာ မျက်နှာဟာ မအီမသာ။ သူ့ ကလေးကို သူ ချော့လို့ အဆင်ပြေပုံမပေါ်။ 
သို့သော် ထိုင်နေသော ခန့်စေဘေး လာထိုင်ကာ စကားတော့ပြောပါ၏။

"ငါက မင်းတို့ အိမ်ပြန်ရောက်နေပြီ ထင်လို့  တော်သေးတယ် မင်းတို့ထပ်အရင် အိမ်အထိ မရောက်သွားတာ "

" လမင်းက အဲ့ကုန်းပေါ် တက်ချင်တယ်ပဲ ပြောနေလို့ကွာ "

" မင်း မပြောပြဘူးလား အဲ့ကုန်းပေါ်က အကြောင်း "

"ပြောပြလည်း မရဘူး ဒါနဲ့ မင်းဟာလေးရော "

"ဝဏ္ဏ အနားပဲ ကပ်နေတာကွာ ဘယ်လိုချော့ချော့ အနားကပ်မလာနဲ့ ဆိုတာချည်းပဲ "

" မင်းနဲ့ငါလည်း ဝဋ်ကြွေးပဲ ၊ လမင်းကလည်း ငါနဲ့စကားပြောရတာ အဆင်မပြေတိုင်း ဝဏ္ဏ အနားပဲ ၊ အဲ့ကောင် မဲကြီးက ဘယ်ဆိုးလို့လဲ အားကျနေရတယ်  "

"  အဲ့တာတွေ ခဏ ထားကွာမင်းကအပေါ် တစ်ကယ်လိုက်မှာလား "

" ဟင်း~~~~~လိုက်ရမှာပေါ့ မလိုက်ရင် အဖြေမပေးဘူးတဲ့ဝေ့ "

သက်ပြင်းမောကြီး ချကာ မသာမယာ မျက်နှာပေးနှင့် ပြောလာသော ခန့်စေကို သန့်စင်ထွန်းမှာ အရင်လို မဟားတိုက်နိုင်တော့ ။ ကိုယ့်မှာလည်း ကိုယ့်အပူနဲ့ကိုယ်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now